နေပြည်တော်၊ ဇန်နဝါရီ ၂

 

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ ညောင်ပင်ကွင်းကျေးရွာကို နှစ်သစ်ကူးချိန်တွင် တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရွာထဲမှလူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်စာ မျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေ သည်ကိုတွေ့ရှိရသည်။

 

ကျရောက်ပေါက်ကွဲ

 

အဆိုပါသတင်းနှင့်ပတ်သက်၍ မြေပြင်စစ်ဆေးတွေ့ရှိချက်များနှင့် တနင်္သာရီတိုင်းဒေသကြီး တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ တနင်္သာရီမြို့ ညောင်ပင်ကွင်း ကျေးရွာအနီးရှိ နယ်မြေခံတပ်ရင်းအား PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် ၎င်းတို့၏ လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် တပ်မတော်အပေါ် ဂုဏ်သိက္ခာကျဆင်းစေရန်၊ ပြည်သူများမှ အထင်အမြင် လွဲမှားစေရန်တို့အတွက် သတင်းတု၊ သတင်းမှားများကို မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်