နေပြည်တော်၊ ဇန်နဝါရီ ၁

 

စစ်ကိုင်း တိုင်းဒေသကြီး ကောလင်းမြို့နယ် တောင်မော်ရွာကို ဒီဇင်ဘာ ၃၀ ရက်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်က လက်နက်ကြီးဖြင့် နှစ်ကြိမ်ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး နှလုံးရပ်သေဆုံးပြီး နေအိမ်တစ်လုံး မီးလောင်ပြာကျခဲ့ကြောင်း တရားမဝင်ပြည်ဖျက် မီဒီယာ Khit Thit Media က သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။

 

လက်နက်ကြီးဖြင့် ပစ်ခတ်မှုမရှိ

 

အဆိုပါ သတင်းနှင့်ပတ်သက်၍ လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဒီဇင်ဘာ ၃၀ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုမရှိကြောင်း သိရှိရသည်။

 

PDF အမည်ခံ အကြမ်းဖက်သမားများသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရာတွင် ကျေးရွာများမှ ပြည်သူများကို ဦးတည်လုပ်ဆောင်လျက်ရှိရာ ၎င်းတို့ကို အားပေးထောက်ခံမှု မရှိသည့် ပြည်သူများ၊ နယ်မြေတည်ငြိမ် အေးချမ်းမှုကို လိုလားပြီး အကြမ်းဖက်လုပ်ရပ်များကို လက်ခံနိုင်ခြင်းမရှိသည့် ဒေသခံ ပြည်သူများကို ခြိမ်းခြောက်သတ်ဖြတ်လျက်ရှိပြီး လူမှုကွန်ရက် စာမျက်နှာများမှ တစ်ဆင့် တပ်မတော်အပေါ် အပြစ်ပုံချကာ ပြည်သူများမှ အထင်အမြင်လွဲမှားစေရန် ရေးသားဖြန့်ဝေ နေခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။   

 

သတင်းစဉ်