ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၂ ရက်အထိ ကုန်စည်ဈေးနှုန်းများ

၂၂ ဖေဖော်ဝါရီ 


ဆန်၊စပါး


ဒီတစ်ပတ်ရန်ကုန်ဈေးကွက်မှာတော့ ဆန်ကြမ်းဈေးရော ဆန်ချောဈေးပါ အနည်းငယ် ကျဆင်းသွားခဲ့ပါတယ်။ အရောင်းအဝယ်ကတော့ ထမင်းကောင်း ဆန်ကောင်းရင် အရောင်းအဝယ်ကောင်းပြီး ဆန်မကောင်း ထမင်းမကောင်းရင်တော့ အရောင်းအဝယ် မကောင်းတာတွေ့ရပါတယ်။


ဆန်ချောဖြစ်တဲ့ ပေါ်ဆန်းဆန်ကတော့ တစ်ပတ်အတွင်း တစ်အိတ်ကို ၁၀ဝ၀ ကျပ်လောက် ဈေးကျဆင်းသွားပြီး တစ်အိတ်ကို ၃၂၀ဝ၀ ကနေ ၃၅၀ဝ၀ ပေါက်ဈေးရှိပါတယ်။ ကြားပျံကလည်း တစ်အိတ်ကို ၃၇၀ဝ၀ ကနေ ၄၀ဝ၀ဝ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀ဝ၀ ကျပ်လောက်ဈေးကျဆင်းသွားပါတယ်။


ပုသိမ်ဈေးကွက်မှာတော့ ပထမတန်းစား စပါးဈေးက ငြိမ်နေပြီး ဆန်ဈေးတွေကတော့ တက်လာပါတယ်။ အရောင်းအဝယ်ကလည်း ကောင်းနေတယ်လို့ သိရပါတယ်။ ဒုတိယတန်း စားစပါးနဲ့ ဆန်အချို့လည်း ဈေးတက်လာခဲ့ပါတယ်။


ပထမတန်းစားဖြစ်တဲ့ ဧရာဝတီ ပေါ်ဆန်းစပါးကတော့ တင်း ၁၀ဝ ကို ၁၀၃၃၉၀၄ ပေါက်ဈေးရှိပါတယ်။ ဆန်ကတော့ တစ်တင်းခွဲကို ၃၉၀ဝ၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀ဝ ကျပ်ဈေးတက်လာပါတယ်။ ပေါ်ဆန်းရင်ကလည်း တင်း ၁၀ဝ ကို ၉၄၆၂၀ဝ ရှိပြီး ဆန်ကတော့ တစ်တင်းခွဲကို ၅၀ဝ ကျပ် တက်လာကာ ၃၈၀ဝ၀ ပေါက်ဈေးရှိပါတယ်။ဖျာပုံ ပေါ်ဆန်းမွှေးစပါးကတော့ တင်း ၁၀ဝ ကို ၉၂၀ဝ၀ဝ ရှိပြီး ဆန်ကတော့ တစ်တင်းခွဲကို ၃၇၅၀ဝ နဲ့ ၅၀ဝ ကျပ်ဈေးတက်လာပါတယ်။


ဒုတိယတန်းစားဖြစ်တဲ့ ရွှေသွယ်လေးနဲ့ ဧရာမင်းကတော့ တင်း ၁၀ဝ ကို ၆၉၀ဝ၀ဝ ပေါက်ဈေးရှိပြီး တစ်တင်းခွဲကို ၂၈၀ဝ၀ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ မနောသုခစပါး ကတော့ တင်း ၁၀ဝ ကို ၆၁၁၈၀ဝ ရှိပြီး တင်း ၁၀ဝ ကို ၂၇၀ဝ၀ ကျော်ဈေးတက်လာခဲ့ပါတယ်။ဆန်ကလည်း တစ်တင်းခွဲကို ၂၃၀ဝ၀ ရှိပြီး ၁၀ဝ၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။မီးကောက်စပါးကလည်း တင်း ၁၀ဝ ကို ၅၀ဝ၀ ကျပ်ဈေးတက်လာပြီး ဆန်ကတော့ တစ်တင်းခွဲကို ၅၀ဝ ကျပ်တက်လာလာ ၂၃၀ဝ၀ ပေါက်ဈေးရှိပါတယ်။


မတ်ပဲ (FAQ/RC)


မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ ဈေးထိုးတက်တာမျိုးမဟုတ်ပဲ ဈေးက တစ်အိအိ တက်နေခဲ့တာဖြစ်ပြီးတော့ ကုန်သည်တွေအနေနဲ့ ဈေးကွက်ကို သေချာထိန်းထားပုံရပါတယ်။ ပုံမှန် အရောင်းအဝယ် ဖြစ်နေပြီးတော့ ဈေးကလည်း တစ်နေ့ တစ်နေ့ သောင်းဂဏန်းနီးနီးလောက် အတက်နဲ့ ရှိနေခဲ့တာပါ။


မုံရွာဈေးကွက်မှာ တော့ မတ်ပဲက တစ်တင်း ကို ၂၀၇၅၀ ပေါက်ဈေးရှိပြီး တစ်တင်း ကို ၂၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၁၅၀ဝ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀ဝ ကျပ် ဈေးတက်လာပါတယ်။ရန်ကုန်ဈေးကွက်မှာတော့ ပြီးခဲ့တဲ့ အပတ်နဲ့နှိုင်းယှဉ်ရင် တစ်တန်ကို ၃၀ဝ၀ဝ နီးပါးဈေးတက်လာပါတယ်။


ပဲစင်းငုံနီ


ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးက ကျဆင်းသွားခဲ့ပြီးတာ့ ဒီတစ်ပတ်မှာတော့ ဈေးက အတက်အကျအပြောင်းအလဲ ရှိနေပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ တစ်ပတ်လုံး ဈေးမဖွင့်ခဲ့ပါဘူး။နယ် ဈေးကွက်မှာတော့ ဈေးတွေက ကျဆင်းနေခဲ့ပါတယ်။


မုံရွာဈေးကွက်မှာ ပဲစင်းငုံနီက တစ်တင်းကို ၂၅၈၀ဝ ပေါက်ဈေးရှိပြီးတစ်တင်းကို ၅၀ဝ ကျပ်ဈေးတက်လာပါတယ်။မြင်းခြံကုန်စည်ဒိုင်မှာတော့ ၂၅၃၀ဝ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀ဝ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၆၀ဝ၀ ကျပ်ရှိပြီး တစ်တင်းကို ၄၀ဝ ကျပ် ဈေးတက်လာခဲ့ပြီး ပြည်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၅၀ဝ ကျပ်တက်လာပြီး ၂၅၅၀ဝ ပေါက်ဈေးရှိပါတယ်။


ပဲတီစိမ်း


ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ ဈေးတက်လာသလို အရောင်းအဝယ်ကလည်း ကောင်းနေတယ်လို့ သိရပါတယ်။ ကုန်စည်ဒိုင်တွေကို တစ်နေ့ ပဲတီစိမ်း အိတ် ၄၀ဝ နီးပါးအဝင်ရှိပြီးရှိနေပြီး ရှိသလောက် အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ဈေးတက်တယ်ဆိုပေမယ့် အရည်အသွေးအလိုက် ကတော့ ဈေးကွာခြားမှုတွေ ရှိနေပါတယ်။


မုံရွာကုန်စည်ဒိုင်မှာ ပဲတီစိမ်း(ကြီး၊သေး)က တစ်တင်းကို ၂၇၀ဝ၀ ကနေ ၃၀၂၅၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀ဝ ကျပ်ဈေးတက်လာခဲ့ပါတယ်။နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၄၁၆၀ဝ ပေါက်ဈေးရှိပြီ းတစ်တင်းကို ၁၆၀ဝ ကျပ်ဈေးတက်လာပါတယ်။  ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၇၅၀ဝ ပေါက်ဈေးရှိပြီး တစ်တင်းကို  ၁၆၈၀ ကျပ်ဈေးတက်လာပါတယ်။ပြည်ကုန်စည်ဒိုင်မှာတော့ ပဲတီစိမ်း အသေးက ၃၁၀ဝ၀ ပေါက်ဈေးရှိပြီး ၂၀ဝ၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ကုလားပဲ


ပြီးခဲ့တဲ့ အပတ်က ဈေးတက်ခဲ့တဲ့ ကုလားပဲကေတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ကျပြီး ဈေးငြိမ်သွားပါတယ်။အချို့ဒေသတွေမှာတော့ လက်ရှိအချိန်အထိ အဝယ်လိုက်နေပြီး ဈေးကတော့တက်နေ ပါတယ်။ ဒေသတစ်ခုနဲ့တစ်ခုကတော့ အရောင်းအဝယ်ပေါ်မူတည်ပြီးဈေးကွာခြားမှုတွေ ရှိနေပါတယ်။


မုံရွာကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါ(ကြီး၊သေး)က တစ်တင်းကို ၂၃၀ဝ၀ ကနေ ၂၅၀ဝ၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀ဝ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။ ကုလားပဲလုံးဖြူ(ကြီး၊သေး)ကတော့ တစ်တင်းကို ၂၄၅၀ဝ ရှိပြီး ဈေးငြိမ်နေပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ ကုလားပဲလုံးဝါကြီး ကတော့ ၂၄၀ဝ၀ နဲ့ဈေးငြိမ်နေခဲ့ပြီး ကုလားပဲလုံးဖြူကြီး တို့ကတော့ တစ်တင်းကို ၂၃၇၅၀ ကျပ်ရှိပြီး တစ်တင်းကို ၇၂၅ ကျပ်ဈေးကျဆင်းသွားပါတယ်။


ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်ကို ၂၆၁၀ဝ ကျပ်ရှိပြီး တစ်တင်းကို ၂၆၀ဝ ကျပ်ဈေးတက်လာခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၈၀ဝ၀ ရှိပြီး ၂၇၀ဝ ကျပ်၊ကုလားပဲလုံးဖြူကြီး ကတော့ တစ်တင်းကို ၂၇၀ဝ၀ ရှိပြီး ၁၅၀ဝ ကျပ်အသီးသီးဈေးတက်လာခဲ့ပါတယ်။


ထောပတ်ပဲ


ထောပတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာခဲ့ပါတယ်။အတော်ကြာဈေးငြိမ်နေခဲ့ပေမယ့် အသစ်တွေ ရောဝင်လာတာ ဖြစ်တဲ့အတွက် ဈေးက တက်လာခဲ့ပါတယ်။ 


မုံရွာဈေးကွက်မှာ တစ်တင်းကို ၃၇၀ဝ၀ ပေါက်ဈေးရှိပြီ းတစ်တင်းကို ၂၀ဝ၀ ကျပ်ဈေးတက်လာပါတယ်။မြင်း ခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၁၉၅၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၄၅၀ ကျပ်ဈေးတက်လာပါတယ်။ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၅၆၀ဝ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၄၀ဝ ကျပ်ဈေးတက်လာခဲ့ပါတယ်။


ဝတ်ရည်မွန် (AMIA)