အလုံးစုံပျက်သုဉ်းရေး လုပ်ဆောင်နေသော အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ရှုတ်ချပွဲ ရန်ကုန်မြို့၌ ကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၅

 

ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလပန်းခြံဘေး၊ ယာဉ်ရပ်နားကွင်း၌ မြန်မာ့အမျိုးသားရေး ကွန်ရက်အဖွဲ့မှ ဦးဆောင်ပြီး အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ရှုတ်ချပွဲကို ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။

 

ဦးစွာ အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ရှုတ်ချပွဲသို့ တက်ရောက်လာကြသူများက နိုင်ငံတော်အလံအား အရေးပြုခြင်း၊ နိုင်ငံတော်သီချင်းအား သံပြိုင်သီဆိုခြင်းများ ဆောင်ရွက်ကြပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်းများ ထမ်းဆောင်ရင်း ကျဆုံးခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများအား ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် (၁)မိနစ် ငြိမ်သက်စွာ ဂါဝရပြုကြသည်။

 

ထို့နောက် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများအဖွဲ့(ဗဟို) အတွင်းရေးမှူး ဦးစည်သူမင်းက အလုံးစုံပျက်သုဉ်းရေးကို လုပ်ဆောင်နေသော အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ရှုတ်ချပွဲ ကျင်းပရခြင်းအကြောင်း ပြောကြားပြီး တက်ရောက်လာကြသူများက"မြန်မာပြည်တွင်းရေးကို နောက်ကွယ်မှ ဝင်ရောက် စွက်ဖက်နေတဲ့ နိုင်ငံများအား"(ဆန့်ကျင်ကြ)၊ နောက်ကွယ်ကနေ အကြမ်းဖက်အားပေး လုပ်ရပ်များ (ချက်ချင်းရပ်)၊ ဒို့နိုင်ငံပျက်စီးအောင် အဖျက်သမား အားပေးနိုင်ငံများ(အလိုမရှိ)၊နိုင်ငံတော်အား ကာကွယ်ရေး (ဒို့ပြည်သူအားလုံးပါဝင်ပေး)၊ အလုံးစုံပျက်သုဉ်းရေး လုပ်ဆောင်နေတဲ့ အကြမ်းဖက်လုပ်ရပ်များ (အလိုမရှိ)” အစရှိသည့်ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြသည်။

 

ကျော်ဆန်းမြင့်