တူကီယဲနိုင်ငံ၌ ဆီးနှင်းများဖုံးလွှမ်းမှုကြောင့် ယာဉ်စီးရေ ၅၄ စီးထက်မနည်းပါဝင်သောယာဉ်တိုက်မှုဖြစ်ပွား

မတ် ၃၁

 

တူကီယဲနိုင်ငံ အနောက်မြောက်ပိုင်း ဘိုလူပြည်နယ်တွင် နှင်းများထူထပ်ကျဆင်းပြီး ဆီးနှင်းများဖုံးလွှမ်းမှုကြောင့် ယာဉ်များတိုက်မှုဖြစ်ပွားခဲ့ကြောင်း အိုင်အိတ်ချ်အေ သတင်းအေဂျင်စီက ဖော်ပြထားသည်။

 

အဆိုပါယာဉ်များတိုက်မှုဖြစ်ပွားခြင်းသည် ယာဉ်အသုံးပြုရာလမ်း ချောမွေ့မှုမရှိခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။ ယာဉ်မတော်တဆဖြစ်ပွားမှုတွင် ယာဉ် ၅၄ စီးထက်မနည်းပါဝင်ကြောင်း ဖော်ပြထားသည်။

 

ထိုယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် အစ္စတန်ဘူလ်မှ အန်ကာရာသို့ဆက်သွယ်ထားသောလမ်းပိုင်း ပိတ်ထားခဲ့ရသည်။

 

ယာဉ်မတော်တဆမှုမှဒဏ်ရာရရရှိသူအများအပြားကို ဆေးရုံများသို့ပို့ဆောင်ပေးခဲ့ကြောင်း ထိုအေဂျင်စီက ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို