ပူတာအိုခရိုင်၌ ဆွမ်းဆန်တော်နှင့် ရိက္ခာပစ္စည်းများ ထောက်ပံ့လှူဒါန်း

နေပြည်တော် မတ် ၂၄

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် သံဃာတော်များ ဆွမ်းအခက်အခဲ မရှိစေရန်အတွက် ဆွမ်းဆန်တော်နှင့် ရိက္ခာပစ္စည်းများအား လည်းကောင်း၊ခရစ်ယာန်ဘာသာရေးဆိုင်ရာကျောင်းများတွင် လိုအပ်လျက်ရှိသည့် ဆန်နှင့်ရိက္ခာပစ္စည်း များကို ယနေ့ နံနက်ပိုင်းက ပူတာအိုခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများက သွားရောက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရသည်။

ထိုသို့လှူဒါန်းရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦး စီးဌာနမှလှူဒါန်းသော ဆွမ်းဆန်တော်နှင့်ရိက္ခာပစ္စည်းများကို ပူတာအိုခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြား ရေးမှူး ဦးဇော်ဇော်ထွန်းနှင့်တာဝန်ရှိသူများက ပူတာအိုမြို့နယ် ပူတောင်းကျေးရွာဘုန်းတော်ကြီးကျောင်းနှင့်မကျော့ ဝါကျေးရွာ ခရစ်တော်၏အသင်းတော်ဘုရား ကျောင်းသို့သွာရောက်ထောက်ပံ့လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သတင်းစဉ်