အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၁၆) သင်တန်းဆင်းပွဲကျင်းပ

နေပြည်တော်  မတ်  ၂၄

 

အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၁၆)၏ သင်တန်းဆင်းပွဲကို မတ် ၂၄ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊  ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပါမောက္ခချုပ်က သင်တန်းဆင်းမိန့်ခွန်း ပြောကြားပြီး ဆက်လက်၍ သင်တန်းသားစံပြဆုကို သင်တန်းသား ဦးအောင်ဇော်ဝင်း၊ ဦးစီးအရာရှိ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကိုလည်းကောင်း၊ သင်တန်းသူစံပြဆုကို သင်တန်းသူ ဒေါ်ယမင်းစိုး၊ ဦးစီးအရာရှိ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးကို လည်းကောင်း ချီးမြှင့်သည်။ ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူ ပထမဆု၊ ဒုတိယဆု၊ သေနတ်ပစ် ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆု ရရှိသူများနှင့် သင်တန်း ဆင်းအောင်လက်မှတ်များကို ချီးမြှင့်သည်။

 

သင်တန်းဆင်းပွဲသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခများ၊ တက္ကသိုလ် သင်ကြားရေး/ စီမံဌာနများမှ တွဲဖက်ပါမောက္ခများ၊ ဌာနမှူးများ၊ ကထိက ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၁၆)သို့ သင်တန်းသား ၂၀၇ ဦး၊ သင်တန်းသူ ၂၄၇ ဦး စုစုပေါင်း ၄၅၄ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃ ရက်ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်အထိ Distance Learning ဖြင့်လည်းကောင်း၊ ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၂၄ ရက်ထိ  In-House Learning ဖြင့် လည်းကောင်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

 

သတင်းစဉ်