စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၁၀၃)နှင့် အရာထမ်းငယ်သင်တန်း အမှတ်စဉ်(၉၃) သင်တန်းဆင်းပွဲများ ကျင်းပ

နေပြည်တော် မတ်  ၂၄

 

စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၁၀၃) သင်တန်းဆင်းပွဲကို မတ် ၂၄ ရက် နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်)၊ တက္ကသိုလ်စစ်ရေးပြကွင်းတွင် စစ်ရေးပြအစီအစဉ်ဖြင့် ကျင်းပရာ ပါမောက္ခချုပ်က သင်တန်းသား သင်တန်းသူ စံပြဆု၊ ပထမဆု၊ ဒုတိယဆု၊ သေနတ်ပစ်ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆု ရရှိသူများနှင့် သင်တန်းဆင်း အောင်လက်မှတ်များကို ချီးမြှင့်ပြီး သင်တန်းဆင်းမိန့်ခွန်း ပြောကြားသည်။

 

အဆိုပါ အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခများ၊ သင်ကြားစီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား ၃၀၉ ဦး၊ သင်တန်းသူ ၄၈၄ ဦး စုစုပေါင်း ၇၉၃ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇန်နဝါရီ ၁၆ ရက်မှ မတ် ၂၄ ရက်အထိ ရက်သတ္တ ၁၀ ပတ် ကြာမြင့်ခဲ့သည်။

 

ထို့အတူ အရာထမ်းငယ်သင်တန်း အမှတ်စဉ်(၉၃)၏ သင်တန်းဆင်းပွဲကို နံနက် ၈ နာရီတွင် ရတနာခန်းမ၌ ကျင်းပရာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ဒုတိယ ပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခများ၊ သင်ကြားစီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား ၂၀၄ ဦး၊ သင်တန်းသူ ၂၇၆ ဦး စုစုပေါင်း ၄၈၀ တက်ရောက်သည်။

 

အဆိုပါ သင်တန်းဆင်းပွဲတွင် ပါမောက္ခချုပ်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းသား သင်တန်းသူ စံပြဆု၊ ပထမဆု၊ ဒုတိယဆု၊ သေနတ်ပစ်ထူးချွန်ဆု၊ စစ်ရေးပြ ထူးချွန်ဆု ရရှိသူများနှင့် သင်တန်းဆင်း အောင်လက်မှတ်များကို ချီးမြှင့်သည်။ ယင်းသင်တန်းကို Hybrid Learning System ဖြင့် Online မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ၂၈ ရက် မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်အထိ ရက်သတ္တ ၁၂ ပတ် ဖွင့်လှစ်ခဲ့ပြီး In-house အဖြစ် ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၂၄ ရက်အထိ ရက်သတ္တ လေးပတ် စုစုပေါင်း ရက်သတ္တ ၁၆ ပတ်  ကြာမြင့်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်