ဟနွိုင်း၊ မတ် ၁၃
ဗီယက်နမ်နိုင်ငံသည် စီးပွားရေးအပေါ် အပြုသဘောဆောင်သော လူဦးရေတိုးပွားမှု မြှင့်တင်ရေး လှုပ်ရှားမှုနှင့်အတူ လာမည့်ဧပြီလတွင် သန်း ၁၀၀ မြောက် နိုင်ငံသား မွေးဖွားခြင်း အထိမ်းအမှတ်ပြုလုပ်ရန် ပြင်ဆင်နေကြောင်း ဗီယက် နမ်သတင်းဌာနက မတ် ၁၂ ရက် တွင် ပြောသည်။
ဗီယက်နမ်နိုင်ငံသည် ၂၀၂၂ ခုနှစ် ဧပြီလအထိ ဗီယက်နမ် နိုင်ငံသား ၉၉ ဒသမ ၂ သန်းရှိသည့် အတွက် ကမ္ဘာပေါ်တွင် ၁၅ နိုင်ငံမြောက် လူဦးရေ အထူထပ်ဆုံးနိုင်ငံဖြစ်ကြောင်းနှင့် အရှေ့တောင်အာရှတွင် တတိယမြောက် လူဦးရေအထူထပ်ဆုံးနိုင်ငံဖြစ်ကြောင်း အထွေထွေ စာရင်းအင်းရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပြိုင်ဆိုင်မှု မြင့်တက်လာချိန်တွင် နိုင်ငံတိုင်းက လူသားအရင်းအမြစ်များမှတစ်ဆင့် ပြိုင်ဆိုင်မှု အသာ ရယူရန် ကြိုးပမ်းနေကြကြောင်း အဆိုပါရုံးက ပြောသည်။
ဗီယက်နမ်အစိုးရ အနေဖြင့် စီတန်းလှည့်လည်ခြင်း၊ သန်း ၁၀၀ မြောက် နိုင်ငံသားမွေးဖွားမှုကို ကြိုဆိုပွဲပြုလုပ်ခြင်း အပါအဝင် ဧပြီလလယ်၌ လူထုလှုပ်ရှားမှုတစ်ခု ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
ဆင်ဟွာ