ရခိုင်ပြည်နယ် မောင်တောမြို့၌ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ပို့ချမည် 

မောင်တော   ဖေဖော်ဝါရီ  ၂၆

ရခိုင်ပြည်နယ် မောင်တောမြို့၌ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန ၊ ခရိုင်/မြို့နယ် အားကစား နှင့် ကာယ ပညာဦးစီးဌာနမှကြီးမှူး၍ ၂၀၂၃ခုနှစ် နွေရာသီ အားကစားသင်တန်းများကို   ၂၀၂၃ ခုနှစ် ၊ မတ်လ ၆ ရက်နေ့မှ စ၍ မြို့မ အားကစားကွင်းအတွင်း ဖွင့်လှစ်ပို့ချ ပေးမည်ဖြစ်ကြောင်းသိရသည်။ 

အဆိုပါ နွေရာသီအားကစားသင်တန်းများကို ခရိုင်/မြို့နယ် အားကစား နှင့် ကာယ ပညာဦးစီးဌာနမှကြီးမှူး၍  အားကစားနည်း ၈ မျိုးဖြင့် ဖွင့်လှစ်ပို့ချမည်ဖြစ်ရာ  အားကစားနည်းများ အနေဖြင့်  ဘောလုံး ၊ ဘော်လီဘော ၊ ပိုက် ကျော် ခြင်း ၊ ကရာတေးဒို ၊ Fitness Dances ၊ တင်းနစ် ၊ စားပွဲတင် တင်းနစ် ၊ ရိုးရာခြင်း တို့ဖြစ်သဖြင့် မိမိတို့ ဝါသနာများအတိုင်း အားကစားနည်းကို ရွေးချယ်ကာ တက်ရောက်နိုင်မည်ဖြစ်သည်။ 

သင်တန်းကာလမှာ မတ်လ ၆ ရက်နေ့မှ ၂၅ ရက်နေ့ထိ သင်ကြားပို့ချမည်ဖြစ်သဖြင့်  မြို့နယ် အားကစား နှင့် ကာယပညာဦးစီးဌာနသို့ ဆက်သွယ်စာရင်းပေးနိုင်မည်ဖြစ်ကြောင်း သိရ သည်။ 

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)