ကယားပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ စစ်အုပ်ချုပ်ရေးအာဏာ ကျင့်သုံးရန် အပ်နှင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ်၊  ၆ / ၂၀၂၃
၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း   ၁၃   ရက်
( ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂  ရက်)
၁။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်း သာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ဒေသကွပ်ကဲရေးမှူးအား ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)နယ်မြေဖြစ်သည့် ကယားပြည်နယ် အတွင်းရှိ အောက်ပါမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law)  အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်သည်-
    (က)    ဒီမော့ဆိုမြို့နယ်
    ( ခ)    ဖရူဆိုမြို့နယ်
    ( ဂ)    ရှားတောမြို့နယ်
    (ဃ)    ဘော်လခဲမြို့နယ်
၂။    ဒေသကွပ်ကဲရေးမှူးသည် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အခြေအနေ အရပ်ရပ်အပေါ်မူတည်၍ မိမိကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍ လည်းကောင်း စစ်အုပ်ချုပ်ရေး(Martial Law)အာဏာကို ကျင့်သုံးနိုင်သည်။
                        အမိန့်အရ
    အောင်လင်းဒွေး
    ဒုတိယဗိုလ်ချုပ်ကြီး
                                                                                            အတွင်းရေးမှူး
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ