အီဂျစ်နိုင်ငံ၌ ဆေးရုံမီးလောင်မှုဖြစ်ပွားသဖြင့် သုံးဦးသေဆုံး၊ ၃၂ ဦး ဒဏ်ရာရ

ဖေဖော်ဝါရီ ၂

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်ရှိ ကုသိုလ်ဖြစ်ဆေးရုံတွင် ယမန်နေ့က မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် လူသုံးဦးထက်မနည်း သေဆုံးပြီး အခြား ၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါဆေးရုံသည် အယ်လ်မာတာရီရာခရိုင်တွင် တည်ရှိပြီး ယင်းဆေးရုံ၏ဓာတ်မှန်ဌာနတွင် မတော်တဆမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုမီးလောင်မှုဖြစ်ပွားရာနေရာသို့ လူနာတင်ကား  ၁၂ စီး ‌ရောက်ရှိခဲ့သည်ဟု ထိုဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဟိုဖမ်အာဒယ်ဂါဖာက ပြောကြားသည်။

ယင်းမီးလောင်မှုမှ ထိခိုက်ဒဏ်ရာရရှိသူများအား နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ပေးခဲ့သည်ဟု ၎င်းကဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို