ရွှေဘိုမြို့တွင် တန်ဖိုးမြှင့် စားသောက်ကုန် (သီးနှံအခြေခံ ယို၊ ဖျော်ရည် အမျိုးမျိုး) ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်

ရွှေဘို ဖေဖော်ဝါရီ ၂

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်း(၄/၂၀၂၃) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရွှေဘိုမြို့ အမှတ်(၄) တပ်မတော် စစ်သားစုဆောင်းရေး တပ်ခန်းမတွင် ပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦး က အဖွင့်အမှာစကားပြောကြားပြီး နည်းပြနှစ်ဦးတို့က၊ သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုး ပြုလုပ်နည်းများကို ဖေဖော်ဝါရီ (၂) ရက်နေ့မှ (၅) ရက်နေ့ထိ (၃) ရက်ကြာ စာတွေ့/ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းသား/ သူ(၂၅)ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်