ကြာအင်းဆိပ်ကြီးမြို့နယ်၌ မြို့နယ်အဆင့်ကျောင်းကျန်းမာရေး သင်တန်းဖွင့်လှစ်

ကြာအင်းဆိပ်ကြီး ဖေဖော်ဝါရီ ၁

အခြေခံပညာဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံပညာကျောင်းများရှိ  ဆရာ ဆရာမများအား မြို့နယ်အဆင့် ကျောင်းကျန်းမာရေး သင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနသင်တန်းခမ်းမ၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

အဆိုပါမြို့နယ်အဆင့် ကျောင်းကျန်းမာရေးသင်တန်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးသန္တာမွန်က ကျောင်းနေအရွယ်ကလေးငယ်များ၏ ကျန်းမာရေးဆိုင်ရာများနှင့် ပတ်သက်၍ သိရှိဆောင်ရွက်မည့် ကျန်းမာရေးကူညီ စောင့်ရှောက်ပေးနိုင်သည်များအား သင်ကြားပြသပို့ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်း၌ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမ (၄၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်