စိုက်ပျိုးရေးများပေးဝေနေသည့် ငပြောင်မြောင်း ရေလျှံထွက်ပေါက်အား ပြန်လည်ပြုပြင်ပေး 

ကျောက်ဆည် ဖေဖော်ဝါရီ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများပေးဝေရာတွင် လေလွင့်ဆုံးရှုံးမှုနည်းပါးစွာဖြင့် သီးနှံမျိုးစုံ အောင်မြင်စွာစိုက်ပျိုးနိုင်ရေး ပြန်လည်ပြုပြင်ရမည့် မြောင်းများ၊ ပြွန်များနှင့် ရေကျအဆောက်အအုံများ၊ မြောင်းရေလျှံထွက်ပေါက်များအား ဘဏ္ဍာနှစ်အလိုက် ပြန်လည်ပြုပြင်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် စိုက်ပျိုးရေများ ပေးဝေ နေသည့်  ငပြောင်မြောင်းတွင် မြောင်းဘောင်ရေရှည်ခိုင်မာရေး သင်္ဂတုံကျေးရွာအနီးရှိ ရေလျှံထွက်ပေါက်အား ငွေကျပ်(၃၀.၀၀၀)သန်း အကုန်အကျခံကာ ပြန်လည်ပြုပြင်ပေးခဲ့ရာ လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေလျှံထွက်ပေါက်သည် ငပြောင်ဆည်ရေသောက်စနစ်၊ ငပြောင်မြောင်း ပေတိုင်အမှတ် -၂+၀၀ သင်္ဂတုံကျေးရွာအနီးတွင်တည်ပြီး မိုးရာသီကာလတွင် တူမြောင်းအထက်ပိုင်း ကုန်းမြင့်နေရာများမှ မိုးရေးများဝင်ရောက်ခဲ့ပြီး မြောင်ဘောင်ပျက်စီးခဲ့သဖြင့် မြောင်းရေရှည်တည်တံခိုင်မာရေး တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ (၃၀.၀၀)ကျပ်သန်းအကုန်အကျခံကာ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ အလျား(၈၃)ပေ၊ အကျယ်(၃၀)ပေ၊ အမြင့်(၇)ပေ၊ ကျောက်သားနံရံနှင့် ကြမ်းခင်းများ ကျောက်သားစီခြင်းလုပ်ငန်းများ ပြန်လည်ပြုပြင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေလျှံထွက်ပေါက် ပြန်လည်ပြုပြင်ဆောင်ရွက်ပေးခဲ့သဖြင့် ငပြောင်ဆည် ရေသောက်စနစ်၊ ငပြောင် မြောင်းမှ သီးနှံမျိုးစုံ(၃၃၅၂)ဧကအား စိုက်ပျိုးရေများပေးဝေရာတွင် အထောက်အကူပြည်ဝစွာ ရရှိမည် ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)