ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် YBS ယာဉ်လိုင်းများ ပုံမှန်ပြေးဆွဲပေးလျက်ရှိ

တာမွေ ဖေဖော်ဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော YBS ယာဉ်လိုင်းများအနေဖြင့် မြို့တွင်းခရီးသွား ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ယနေ့နံနက်ပိုင်း အချိန်မှ စတင်ကာ ပုံမှန်ပြေးဆွဲပေး လျက်ရှိကြောင်းနှင့် မြို့တွင်းခရီးသွားပြည်သူများအနေဖြင့် စိတ်အေးချမ်းသာစွာ သွားလာလျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)အနေဖြင့် YBS ယာဉ်လိုင်းပေါင်း (၁၁၇)လိုင်း ယာဉ်အစီးရေ (၃၂၆၃)စီးဖြင့် ခရီးသွားပြည်သူ (၁၃)သိန်းကျော်ကို နေ့စဉ် နံနက်(၅)နာရီကနေ ည(၈)နာရီ အချိန်အထိ ပုံမှန်ပြေးဆွဲပို့ဆောင်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(တာမွေ)