ကမ္ဘာ့အဆင့် -၂ လျှပ်စစ်ကားထုတ်လုပ်သည့် ကားကုမ္ပဏီ ဂျပန်နိုင်ငံ၌ လျှပ်စစ်ကားများ စတင်ထုတ်လုပ်

 

တိုကျို၊ ဇန်နဝါရီ ၃၁

 

ကမ္ဘာ့အဆင့်-၂  လျှပ်စစ်ကား  ထုတ်လုပ်သည့်  ကားကုမ္ပဏီသည် ဂျပန်နိုင်ငံတွင် လျှပ်စစ်ကားများ ကို စတင်ထုတ်လုပ်လိုက်ပြီဖြစ်သည်။

 

တရုတ်နိုင်ငံ၏ ဘီဝိုင်ဒီကား ကုမ္ပဏီသည် ၎င်း၏ အီးဗီကားများကို နိုင်ငံနှင့်ဒေသပေါင်း ၇၀ တွင် စတင်ရောင်းချလျက်ရှိသည်။

 

ဘီဝိုင်ဒီ ကားကုမ္ပဏီသည် လျှပ်စစ်ဇိမ်ခံကားအမျိုးအစားဖြစ်သည့် အက်စ်ယူဗွီ၊ သည်အက် တို-၃ တို့ကို ဂျပန်ကားဈေးကွက် သို့ ဇန်နဝါရီ ၃၁ ရက်က စတင် မိတ်ဆက်ခဲ့သည်။

 

အဆိုပါ လျှပ်စစ်ကားများသည် တစ်ခါအားသွင်းရုံဖြင့် ကီလို မီတာ ၄၈၀ အထိမောင်းနှင်နိုင်မည် ဖြစ်သည်။ ထို့ပြင် ဘေးကင်း လုံခြုံရေးအစိတ်အပိုင်းများလည်း တပ်ဆင်ထားသည်။

 

အဆိုပါကားတစ်စီးကို ယန်း ၄ ဒသမ ၄ သန်း (အမေရိကန် ဒေါ်လာ ၃၄၀၀၀) ဖြင့် ရောင်းချ သွားမည်ဖြစ်သည်။ ဂျပန်နိုင်ငံ၌ ထုတ်လုပ်သော တခြားလျှပ်စစ် ကားများထက် ဒေါ်လာ ၈၀၀၀ သက်သာမည်ဖြစ်ကြောင်း သိရသည်။

 

အင်န်အိတ်ချ်ကေ