ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ မြန်မာ့သိုင်းအဆင့်မြင့်သင်တန်း(၁/၂၀၂၃)(အခမဲ့) ဖွင့်လှစ်

ဗဟန်း ဇန်နဝါရီ ၈


ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ မြန်မာ့သိုင်းအဆင့်မြင့်သင်တန်း(၁/၂၀၂၃)အခမဲ့ကို ဇန်နဝါရီ ၇ ရက် မွန်းလွဲ ၂ နာရီ က ဖွင့်လှစ်ခဲ့သည်။


အဆိုပါ သင်တန်းကို မြန်မာ့သိုင်းပညာရပ်ကို ကျောင်းသား၊ ကျောင်းသူများသင်ကြားတတ်မြောက်ခြင်းဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံတိုးတက်ကောင်းမွန်လာစေရေးအထောက်အကူပြုစေရန်၊ ကိုယ်လုံပညာရပ်ကိုတတ်မြောက်ခြင်းဖြင့်မိမိကိုယ်ကိုခုခံကာကွယ်နိုင်စေရန်နှင့် မြန်မာ့သိုင်းအားကစားနည်းပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် စသည့်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင် မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၃၀)ဦး ကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးဝေဠနိုင်(နည်းပြ) က အပတ်စဉ် စနေ၊ တနင်္ဂနွေ မွန်းလွဲ ၂ နာရီ မှ ညနေ ၄ နာရီ၊ ဇန်နဝါရီလ ၇ ရက်မှ ဧပြီလ ၃၀ ရက်အထိ ၁၆ ပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စန္ဒာမိုး