ကျောက်ဆည်မြို့တွင်(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင် ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ

ကျောက်ဆည် ဇန်နဝါရီ ၁
    
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ဇော်ဂျီဂေါက်ကွင်းတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် တပ်ရင်း၊တပ်ဖွဲ့ များမှ အရာရှိများ၊  ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအရာရှိများ၊ မြို့မိမြို့ဖများ၊ ဂေါက်သီးရိုက်အားကစား သမားများ  ပိုမိုရင်းနှီးပြီးစည်းလုံးမှုရှိစေရန်နှင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက ဂေါက်သီးရိုက်အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ရှေးဦးစွာပြိုင်ပွဲဖွင့်ပွဲအား ကျောက်ဆည်တပ်နယ်မှ တပ်နယ်မှူးဗိုလ်မှူးချုပ်သိန်းထွေးက ဂေါက်သီးရိုက် ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲများ ဆက်လက်ကျင်းပခဲ့ရာ အားကစားသမားပေါင်း(၈၀)ဦးခန့် ပါဝင်ခဲ့ပြီး အဖွဲ့လိုက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရရှိပြီး ပြိုင်ပွဲများအပြီးတွင် အဆိုပါဂေါက်ကလပ်တွင် ဆုများဆက်လက်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။ 

သက်မောင်(ကျောက်ဆည်- ခရိုင်၊ ပြန်/ဆက်)