သီလဝါအထူးစီးပွားရေဇုန်အတွင်း သန့်ရှင်းသာယာရေး မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

 

ရန်ကုန် ဒီဇင်ဘာ ၁

သီလဝါ အထူးစီးပွားရေးဇုန်အတွင်း သန့်ရှင်းသာယာရေးအတွက် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။ 

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ လမ်းဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် သီလဝါ အထူးစီးပွားရေးဇုန် ကြီးကြပ်မှုကော်မတီတို့မှ တာဝန်ရှိသူများပါ လိုက်ပါခဲ့ကြပြီး သန်လျင်-ကျောက်တန်း လမ်းတစ်လျှောက် လမ်းဘေးဝဲယာ မြက်ပင်ချုံနွယ်များ ရှင်းလင်း၍ သန့်ရှင်းရေး ပြုလုပ်နေမှု၊ သန်လျင်မြို့နယ်နှင့် ကျောက်တန်းမြို့နယ်အတွင်းရှိ သီလဝါ အထူးစီးပွား‌ရေးဇုန်လမ်းနှင့် သင်္ဘောဖျက်စက်ရုံ လမ်းတစ်လျှောက် လမ်းများ ကောင်းမွန်ရေးနှင့် လမ်းဝဲယာ တိုးချဲ့ခင်းကျင်းနိုင်ရေး စက်ယန္တရားများဖြင့် မြေပြုပြင် ဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ 

သတင်းစဉ်