နေပြည်တော် တိုးချဲ့ရေပေးရေး (ပေါင်းလောင်း) စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ဒုတိယမြို့တော်ဝန် ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဒီဇင်ဘာ ၁

 

နေပြည်တော် တိုးချဲ့ရေပေးရေး (ပေါင်းလောင်း) စီမံကိန်းအတွက် ရေယူအဆောက်အအုံ၊ ရေခေါ်မြောင်းနှင့် ကျောက်စီနံရံ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယမန်နေ့ ညနေပိုင်းက နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဌာနမှူး ဦးလှမိုးထွန်းက ပေါင်းလောင်းချောင်းဘေးတွင် တည်ဆောက်လျက်ရှိသည့် ရေယူအဆောက်အအုံ၊ ရေခေါ်မြောင်းနှင့် ကျောက်စီနံရံတို့၏ ဒီဇိုင်းပုံစံ၊ တင်ဒါအောင်ကုမ္ပဏီများ လုပ်ငန်းစတင်ဆောင်ရွက်နေမှု အခြေအနေ၊ ပေါင်းလောင်းချောင်းရေ မြင့်တက်နေသည့်အတွက် တည်ဆောက်ရေးဧရိယာအတွင်း စိမ့်ရေဝင်ရောက်မှု များပြားနေခြင်းကြောင့် တွေ့ကြုံရသည့် အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းများကို ရှင်းလင်းတင်ပြရာ ဒုတိယမြို့တော်ဝန်က လုပ်ငန်းများ စံချိန်စံညွှန်းမီစွာ အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းခွင်အတွင်း တွေ့ကြုံရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

သတင်းစဉ်