နိုဝင်ဘာ ၃၀
မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၆၇၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ယင်းရောဂါကူးစက်ခံရသူပေါင်း ၄၉၉၀၄၃၁ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် တစ်ဦးသည် ပြည်ပပြန်ကူးစက်မှုဖြစ်ပြီး ၁၆၇၁ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်သည်ဟု ထိုဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် ၁၀ ဦး ထပ်မံသေဆုံးခဲ့ပြီး ယင်းရောဂါဖြင့်သေဆုံးသူပေါင်း ၃၆၆၆၇ ဦးရှိလာသည်ဟု သိရသည်။
ကိုဗစ်ရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၉၂၇၁၈၆ ဦးအထိ ရှိသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၂၆၅၇၈ ဦးရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသူ ၉၄ ဦးရှိသည်ဟု ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို