ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၁၄၉ ဦး ထပ်မံတွေ့ရှိ

 

မော်စကို နိုဝင်ဘာ ၅

ရုရှားနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၁၄၉ ဦး ထပ်မံတွေ့ရှိခဲ့ခြင်းကြောင့် နိုင်ငံ တစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၂၁၄၅၃၆၆၇ ဦးရှိလာကြောင်း ရုရှားနိုင်ငံ ကိုဗစ်-၁၉ ရောဂါစောင့်ကြည့်ရေး နှင့် တုံ့ပြန်ရေးစင်တာက နိုဝင်ဘာ ၅ ရက်တွင် ပြောကြားသည်။

 

ထို့ပြင် ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူ ၇၁ ဦး ထပ်မံ တွေ့ရှိခဲ့ခြင်းကြောင့် အဆိုပါရောဂါဖြင့် သေဆုံးသူ ပေါင်း ၃၉၀၄၅၉ ဦး ရှိလာကြောင်း နှင့် လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူ ၉၂၅၉ ဦး ထပ်တိုးလာခြင်းကြောင့် ပြန်လည် ကျန်းမာလာသူပေါင်း ၂၀၈၄၁၇၇၉ ဦးရှိလာကြောင်း ရုရှားနိုင်ငံ ကိုဗစ်-၁၉ ရောဂါစောင့်ကြည့်ရေး နှင့် တုံ့ပြန်ရေးစင်တာက ပြောကြားသည်။

 

ရုရှားနိုင်ငံ၌ မြို့တော်မော်စကိုသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အများဆုံးဒေသဖြစ်ပြီး လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇၅၇ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် မြို့တော်မော်စကို၌ ရောဂါကူး စက်ခံရသူပေါင်း ၃၂၃၃၉၁၈ ဦး ရှိလာကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်