ရုရှားနိုင်ငံမှ အမ်အက်စ်-၂၁ ကုန်တင်အာကာသယာဉ် လွှတ်တင်

ဗလာဒီဗိုစတော့စ် အောက်တိုဘာ ၂၇

 

ရုရှားနိုင်ငံမှ  ဆိုယုဇ်-၂.၁  အေ  ဒုံးပျံသည် ကာဇက်စတန်ရှိ ဘိုင်ကိုနာအာကာသယာဉ် လွှတ်တင်ရေးစခန်းမှနေ၍ အမ်အက်စ်-၂၁ ကုန်တင်အာကာသယာဉ်ကို ဂြိုဟ်ပတ်လမ်းသို့ အောင်မြင်စွာ  ပို့ဆောင်ပေးခဲ့နိုင်ကြောင်း ရုရှား၏ အာကာသ ကော်ပိုရေးရှင်း ရော့စ်ကော့စ်မော့စ်က အောက်တိုဘာ ၂၅ ရက်တွင် ကြေညာခဲ့သည်။

 

၎င်းအမ်အက်စ်-၂၁ ကုန်တင်အာကာသယာဉ်သည် အောက်တိုဘာ ၂၈ ရက်တွင် အာကာသထဲရှိ ရုရှားနိုင်ငံတကာ အာကာသစခန်းသို့ ရောက်ရှိချိတ်ဆက်နိုင်မည်ဟု သိရသည်။

 

အဆိုပါ အာကာသယာဉ်သည် အာကာသထဲရှိ ရုရှားနိုင်ငံတကာ အာကာသစခန်းတွင် သုံးစွဲနိုင်မည့် လောင်စာဆီ၊ နိုက်ထရိုဂျင်၊ ရေနှင့်အစားအသောက်များကို သယ်ဆောင်သွားမည်ဖြစ်သည်။

 

၎င်းအမ်အက်စ်အမျိုးအစား ကုန်တင်အာကာသယာဉ်များကို အာကာသအတွင်းရှိ ဂြိုဟ်ပတ်လမ်းကြောင်းများ ပြုပြင်နိုင်ရန် စေလွှတ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-စိုးသူရ