ပရီမီယာလိဂ် ခုနစ်ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့သည့် ဒုတိယမြောက် မန်စီးတီးကစားသမားဖြစ်လာတဲ့ ဟာလန်း

 

တိုက်စစ်မှူး ဟာလန်းဟာ မန်စီးတီးအသင်းက ဆောက်သမ်တန်အသင်းကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုးသွင်းယူ နိုင်ခဲ့တာကြောင့် ပရီမီယာလိဂ် ခုနစ်ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဒုတိယမြောက် မန်စီးတီးအသင်း ကစား သမား ဖြစ်လာခဲ့ပါတယ်။

မန်စီးတီးအသင်းနဲ့အတူ ပရီမီယာလိဂ် ခုနစ်ပွဲဆက်တိုက်  ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားကတော့ တိုက်စစ်မှူး ဆာဂျီယိုအဂူရို ဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွင်းက သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

နွေရာသီအပြောင်းအရွှေ့ ဈေးကွက်အတွင်းက ဒေါ့မွန်အသင်းဆီကနေ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး ဟာလန်းဟာ လက်ရှိမှာ ပရီမီယာလိဂ်သွင်းဂိုး ၁၅ ဂိုး အထိရှိလာခဲ့ပြီး မန်စီးတီးအသင်းနဲ့အတူ ပြိုင်ပွဲစုံ ၁၃ ပွဲကစားပြီးချိန်မှာ သွင်းဂိုးစုစုပေါင်း ၂၀ အထိရှိလာခဲ့ပြီ ဖြစ်ပါတယ်။

 

ဒါကြောင့် မန်စီးတီးအသင်းအတွက် သွင်းယူခဲ့တဲ့ တိုက်စစ်မှူးဟာလန်းရဲ့ လက်ရှိသွင်းဂိုးစုစုပေါင်းဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ မန်စီးတီးအသင်း ပရီမီယာလိဂ် ချန်ပီယံဖြစ်ခဲ့စဉ်က အသင်းရဲ့ ထိပ်တန်း ဂိုးသွင်းရှင်ဖြစ်ခဲ့တဲ့ ကီဗင်ဒီဘရိုင်းရဲ့သွင်းဂိုးနဲ့ တူညီသွားခဲ့ပြီ ဖြစ်ပါတယ်။

 

ငွေကြယ်