အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၀၁၁ ဦး ထပ်မံတွေ့ရှိ

နယူးဒေလီ  အောက်တိုဘာ  ၃

အိန္ဒိယနိုင်ငံ၏ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၀၁၁ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၄၄၅၉၇၄၉၈ ဦးရှိလာကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက  ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရသည်။

လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိဆဲလူပေါင်း ၃၆၁၂၆ ဦးရှိပြီး သေဆုံးသူ ၂၈ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် သေဆုံးသူစုစုပေါင်း ၅၂၈၇၀၁ ဦး ရှိလာ ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန က ပြောကြားသည်။ ထို့ပြင်ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၄၄၀၃၂၆၇၁  ဦးရှိလာကြောင်း သိရသည်။

နိုင်ငံတစ်ဝန်း၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ နှစ်ဘီလီယံကျော် အသုံးပြုပြီးဖြစ်ကြောင်းနှင့် လက်ရှိ အချိန်ထိ ပြည်သူ ၈၉၃ သန်းကျော်အား ကိုဗစ်-၁၉ ရောဂါကူစက်ခံရမှု ရှိ၊ မရှိ စမ်းသပ်စစ်ဆေးပြီးဖြစ်ကြောင်း အိန္ဒိယ နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။ 

ကိုးကား-ဆင်ဟွာ
 ဘာသာပြန်-အလင်းသစ်