အမေရိကန်နိုင်ငံ၌ ဟာရီကိန်းမုန်တိုင်းအီယန် ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး ၈၀ သေဆုံး

 

ဝါရှင်တန် အောက်တိုဘာ ၄

 

အမေရိကန်နိုင်ငံ၌   ဖလော်ရီဒါ ပြည်နယ်နှင့် မြောက်ကာရို လိုင်းနားပြည်နယ်တို့တွင်  ဟာရီ ကိန်းမုန်တိုင်းအီယန် ဝင်ရောက် တိုက်ခတ်ခဲ့ခြင်းကြောင့် အနည်းဆုံးလူပေါင်း ၈၀ သေဆုံးခဲ့ကြောင်း  ယနေ့ဆင်ဟွာသတင်းတစ်ရပ်အရ သိရသည်။

 

အဆိုပါ ဟာရီကိန်းမုန်တိုင်း အီယန်ကြောင့် ဖလော်ရီဒါ၌ အနည်းဆုံး ၇၆ ဦးသေဆုံးခဲ့ကာ မြောက်ကာရိုလိုင်းနား၌  လေးဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာများက အောက်တိုဘာ ၂ ရက်တွင်   သတင်းထုတ်ပြန်ခဲ့သည်။

 

ဟာရီကိန်းမုန်တိုင်း  အီယန် သည် စက်တင်ဘာ ၂၈ ရက်တွင် ဖလော်ရီဒါပြည်နယ်သို့ ဝင်ရောက် တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး လူပေါင်း ၁၆၀၀ အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း  သိရသည်။

 

အမေရိကန်နိုင်ငံ၌ ဝင်ရောက် တိုက်ခိုက်ခဲ့သည့် အဆိုပါ ဟာရီကိန်းမုန်တိုင်း အီယန်ကြောင့် အမေရိကန်ဒေါ်လာ ၄၇ ဘီလီယံ အထိ ဆုံးရှုံးမှုရှိခဲ့ပြီး အမေရိကန် နိုင်ငံ၏  သမိုင်းတစ်လျှောက်  အဆိုးရွားဆုံး မုန်တိုင်းများအနက် တစ်ခုအပါအဝင် ဖြစ်ကြောင်းလည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်