ယူဂန္ဓာနိုင်ငံ၌ အီဘိုလာရောဂါကြောင့် ကျန်းမာရေးဝန်ထမ်း ၆၅ ဦးကို သီးခြားခွဲထား

 

ကမ်ပါလာ   အောက်တိုဘာ   ၄

 

ယူဂန္ဓာနိုင်ငံ၌ အီဘိုလာရောဂါ ကူးစက်ခံရသူများနှင့် ထိတွေ့ပြီးနောက် ကျန်းမာရေးဝန်ထမ်း ၆၅ ဦးကို သီးခြားခွဲထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက အောက်တို ဘာ ၂ ရက်တွင် ပြောကြားသည်။

 

အချို့သော လုပ်သားများသည် အိမ်တွင် ၂၁ ရက်ကြာ နေထိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အမ်မန်နျူရယ် အင်နာယိုနာ က ပြောကြားသည်။

 

အီဘိုလာရောဂါ ကူးစက်ခံရသူများနှင့် ထိတွေ့ခဲ့သူများကို ၂၁ ရက်ကြာ စောင့်ကြည့်နေ ကြောင်း ၎င်းကပြောကြားသည်။

 

ယူဂန္ဓာနိုင်ငံ အနောက်ပိုင်း ခါဘာရိုးခရိုင်တွင် တန်ဇန်းနီးယား နိုင်ငံသား ဆရာဝန်တစ်ဦးသည် အောက်တိုဘာ ၁ ရက်က အီဘိုလာ ရောဂါဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

 

အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ပိုးတွေ့ရှိကြောင် စစ်ဆေးတွေ့ရှိပြီးနောက် ယူဂန္ဓာနိုင်ငံတွင် အီဘိုလာရောဂါဖြစ်ပွားမှုကို စက်တင်ဘာ ၂၀ ရက်က ထုတ်ပြန်ကြေညာသည်။

 

အီဘိုလာရောဂါကြောင့် နိုင်ငံအတွင်း အတည်ပြုလူနာ ၃၈ ဦးနှင့် သေဆုံးသူ ရှစ်ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက စက်တင်ဘာ ၃၀ ရက်က ပြောကြားသည်။

 

 ဆင်ဟွာ