စင်ကာပူနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၄၅၄ ဦး ထပ်မံတွေ့ရှိ

စက်တင်ဘာ ၂၉

 

စင်ကာပူနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၄၅၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၁၉၀၀၇၆၁ ဦး အထိရှိလာကြောင်း ဖော်ပြထားသည်။

 

အဆိုပါရောဂါထပ်မံကူးစက်ခံရသူများတွင် ပီစီအာစမ်းသပ်စစ်ဆေးမှုဖြင့် ၃၅၆ ဦးနှင့် အေအာတီစစ်ဆေးမှုဖြင့် ၃၀၉၈ ဦးတို့ စမ်းသပ်တွေ့ရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

ပီစီအာစစ်ဆေးတွေ့ရှိချက်များအနက် ၃၃၂ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၂၄ ဦးသည် ပြည်ပကူးစက်မှုဖြစ်သည်။

 

အေအာတီစစ်ဆေးတွေ့ရှိချက်များတွင် ၂၈၈၂ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၂၁၆ ဦးသည် ပြည်ပကူးစက်မှုဖြစ်သည်။

 

နိုင်ငံတစ်ဝန်းရှိ ဆေးရုံအသီးသီးတွင် ကုသမှုခံယူဆဲလူနာ ၂၄၆ ဦးရှိပြီး ခြောက်ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ မရှိကြောင်းနှင့် သေဆုံးသူပေါင်း ၁၆၁၇ ဦး ရှိကြောင်း ထိုဝန်ကြီးဌာနက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို