၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲ ဆက်လက်ကျင်းပ

ရန်ကုန်       စက်တင်ဘာ        ၈

 

၂၀၂၂ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲကို စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသား အားကစားပြိုင်ပွဲရုံ() သုဝဏ္ဏ၌ ဆက်လက် ကျင်းပခဲ့ရာ  မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ စစ်တုရင်အားကစား ဝါသနာရှင်များ လာရောက် ကြည့်ရှုအားပေးခဲ့သည်။

 

အမျိုးသမီး အလွတ်တန်းပြိုင်ပွဲတွင် ပွဲစဉ် ၂၁ ပွဲ၊ အသက် ၁၈ နှစ်နှင့်အောက်  လူငယ်ပြိုင်ပွဲတွင် ပွဲစဉ် ၂၃ ပွဲ၊ အမျိုးသား အလွတ်တန်းပွဲစဉ်များတွင် ပွဲစဉ် ၂၇ ပွဲ ယှဉ်ပြိုင်ခဲ့ကြသည်။ ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲ ပွဲစဉ်များကို စက်တင်ဘာ ၁၂ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်၍ မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရှိရသည်။

 

MDN