ဆီဗီလာကို အနိုင်ရပြီး ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့တဲ့ ဘာစီလိုနာ

 

ဘာစီလိုနာအသင်းဟာ စပိန်လာလီဂါပွဲစဉ် (၄) အဖြစ် ဆီဗီလာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး အဲဒီပွဲစဉ်မှာ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် နည်းပြဇာဗီရဲ့ ဘာစီလိုနာအသင်းက ယခုနှစ်ဘောလုံးရာသီ စပိန်လာလီဂါ ပြိုင်ပွဲမှာ ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

 

ဘာစီလိုနာအသင်းနဲ့ ဆီဗီလာအသင်းတို့ပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၂၁ မိနစ်မှာ ရာဖင်ဟာ၊ ၃၆ မိနစ်မှာ လီဝန်ဒိုစကီးနဲ့ မိနစ် ၅၀ တို့မှာ ဂါစီယာတို့က သွင်းယူပေးခဲ့တာဖြစ်ပြီး လီဝန်ဒိုစကီးရဲ့ သွင်းဂိုးဟာ ယခုနှစ်ဘောလုံးရာသီ ဘာစီလိုနာအသင်းအတွက် ငါးဂိုးမြောက်သွင်းဂိုးလည်း ဖြစ်ပါတယ်။

 

ဘာစီလိုနာအသင်းဟာ ဆီဗီလာအသင်းကို အနိုင်ရရှိခဲ့တာကြောင့် စပိန်လာလီဂါ လေးပွဲကစားပြီးချိန်မှာ သုံးပွဲနိုင်၊ တစ်ပွဲသရေရလဒ်နဲ့ ရမှတ် ၁၀ မှတ်ရရှိခဲ့ကာ အမှတ်ပေးဇယား အဆင့်(၂)နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

 

အမှတ်ပေးဇယား ထိပ်မှာတော့ ရီးယဲလ်မက်ဒရစ်အသင်းက ရပ်တည်နေတာဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းဟာ စပိန်လာလီဂါ လေးပွဲကစား ပြီးချိန်မှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ မှတ်တမ်းနဲ့အတူ ရမှတ် ၁၂ မှတ်အထိ စုဆောင်းထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဆင့် အဖွင့်ပွဲစဉ်အဖြစ် စက်တင်ဘာ ၇ ရက်မှာ ဗစ်တိုးရီးယားပယ်လ်ဇန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။

 

ငွေကြယ်