ရန်ကုန်တိုင်းဒေသကြီး (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (တိုင်းအဆင့်) ပြိုင်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

 

ရန်ကုန်၊ ဩဂုတ် ၂၈

 

ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၂၂ခုနှစ် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (တိုင်းအဆင့်) ပြိုင်ပွဲ ဒုတိယနေ့ကို ယနေ့ နံနက် ၉ နာရီမှ စတင်၍ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်းဗင်းရှင်းစင်တာခန်းမရှိ သတ်မှတ်နေရာများ၌ ဆက်လက်ကျင်းပသည်။

 

နံနက်ပိုင်းတွင် ပြိုင်ပွဲအကဲဖြတ် ပညာရှင်ဒိုင်အဖွဲ့သည် သတ်မှတ်နေရာများတွင် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအကဲဖြတ် အမှတ်များပေးကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် မျိုးဆက်သစ်များနှင့် မိသားစုဝင်များ၊ အနုပညာ ချစ်မြတ်နိုးသူပြည်သူများ လာရောက်ကြည့်ရှု အားပေးကြသည်၊၊

 

mdn

 

မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဗိုလ်ဌေး၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်နှင့် တာဝန်ရှိသူများသည် အဆိုပြိုင်ပွဲ ဘာသာရပ်တွင် အမျိုးဂုဏ်၊ ဇာတိဂုဏ် သူဌေးဝါဒနှင့် သီတာရတနာ တေးသီချင်းတို့ဖြင့် ဝါသနာရှင် အမျိုးသား၊ အမျိုးသမီး ဒုတိယတန်းအဆင့် ပြိုင်ပွဲဝင်များ ယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ အရေးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များ ရေးသားထားသည့် သီချင်းစာသားများကို သံစဉ်ထည့်၍ ဝါသနာရှင် ဒုတိယတန်းအဆင့် ပြိုင်ပွဲဝင်များ သီဆိုယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ အတီးပြိုင်ပွဲ ဘာသာရပ်တွင် ဝါသနာရှင် ဒုတိယတန်းအဆင့် မယ်ဒလင် အတီးပြိုင်ပွဲဝင်များ ယှဉ်ပြိုင်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးကြပြီး ဒိုင်အဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်၊၊

 

mdn

 

ယနေ့ ဒုတိယနေ့တွင် ပြိုင်ပွဲဝင်များသည် အဆိုပြိုင်ပွဲဘာသာရပ်၌ မဟာဂီတ၊ အမျိုးဂုဏ် ဇာတိဂုဏ်နှင့် ခေတ်ဟောင်း၊ ကာလပေါ် တေးသီချင်းများဖြင့်လည်းကောင်း၊ အတီးပြိုင်ပွဲ ဘာသာရပ်၌ နှဲ၊ ပုလွေ၊ တယော၊ မယ်ဒလင်၊ ဂီတာ၊ ဒုံမင်းတို့ဖြင့်လည်းကောင်း၊ အရေးပြိုင်ပွဲဘာသာရပ်၌ ပြိုင်ပွဲဝင်များ ရေးသားခဲ့သည့် စာသားများအား သံစဉ်များထည့်ကာ သီဆိုယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိသည်၊၊

သတင်းစဉ်