ကယ်လီဖိုးနီးယားလေဆိပ်၌  လေယာဉ်နှစ်စင်း တိုက်မိပြီး လူသေဆုံးမှုများရှိ

ဩဂုတ် ၁၉

 

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဝတ်ဆွန်ဗီလီတွင် လေယာဉ်နှစ်စင်းဆင်းသက်ရန်ကြိုးစားစဉ် တိုက်မိပြီးနောက် လူအများအပြားသေဆုံးခဲ့သည်ဟု သက်ဆိုင်ရာအာဏာပိုင်များက တွစ်တာတွင် ယမန်နေ့မွန်းလွဲပိုင်းက ရေးသားထားသည်။

 

ထိုလေယာဉ်နှစ်စင်းတိုက်မှုသည် ညနေ ၂ နာရီ ၅၆ မိနစ်ဝန်းကျင်တွင် ဝတ်ဆွန်ဗီလီလေဆိပ်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

 အင်ဂျင်တစ်လုံးတပ် လေယာဉ် Cessna ၁၅၂ နှင့် အင်ဂျင်နှစ်လုံးတပ်လေယာဉ် Cessna ၃၄၀ လေယာဉ်နှစ်စင်းသည် ၎င်းတို့၏ ဝတ်ဆိုဗီလီလေဆိပ်သို့ဆင်းသက်ရန် နောက်ဆုံးချဉ်းကပ်လာစဉ် တိုက်မိခြင်းဖြစ်ကြောင်း ထိုမြို့၏ တရားဝင်တွစ်တာ အကောင့်တွင် ဖော်ပြထားချက်အရ သိရသည်။

 

Cessna ၁၅၂ လေယာဉ်ပေါ်တွင် လူတစ်ဦးနှင့် Cessna 340 လေယာဉ်ပေါ်တွင် လူနှစ်ဦး ပါရှိကြောင်းနှင့် မြေပြင်ပေါ်ရှိမည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာမှုမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဖက်ဒရယ်လေယာဉ်ထုတ်လုပ်မှုစီမံခန့်ခွဲရေးအဖွဲ့နှင့် အမျိုးသားသယ်ယူပို့ဆောင်ရေးဘေးကင်းလုံခြုံရေးအဖွဲ့တို့က စုံစမ်း စစ်ဆေးမှု လုပ်ဆောင်သွားမည်ဟု သိရသည်။ 

 

အဆိုပါလေယာဉ်မတော်တဆမှုတွင် မည်သူမည်ဝါတို့ပါရှိသည်ကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို