တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခ့ရသူ ၆၂၀၇၈ ဦး ထပ်မံတွေ့ရှိ

ဩဂုတ် ၁၅

 

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၂၀၇၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၂၁၄၁၈၀၃၆ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။

 

ပြီးခဲ့သည့်နေ့က ကိုဗစ်ရောဂါကူးစက်ခံရသူ  ၁၁၉၆၀၃ ဦး ရှိရာမှ ကူးစက်မှုအရေအတွက် လျော့ကျလာခြင်းဖြစ်သော်လည်း သီတင်းပတ်အစောပိုင်းက ကူးစက်သူအရေအတွက် ၅၅၂၆၂ ဦးထက် ကူးစက်မှုပိုမိုမြင့်မားခဲ့သည်ဟု ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီ( ကေဒီစီအေ )၏ ပြောကြားချက်အရ သိရသည်။

 

လွန်ခဲ့သောသီတင်းပတ်က ရောဂါနေ့စဉ်ကူးစက်မှုပျမ်းမျှ ၁၂၄၈၂၉ ဦး ရှိကြောင်း အတည်ပြုထားသည်။

 

အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၃၉၆ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ယခုအချိန်အထိ ပြည်ပကူးစက်မှုပေါင်း  ၅၁၈၉၅ ဦး အထိရှိလာသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် လူ ၅၀ ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၂၅၆၇၃ ဦး ရှိသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို