ထူးခြားမိုးလေဝသအခြေအနေသတင်း အမှတ်စဉ်(၀၂/၂၀၂၂)

(၂၀၂၂ ခုနှစ်၊ ဩဂုတ်လ(၁၁)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 

 (က)   ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဗီယက်နမ်နိုင်ငံ ဟနွိုင်း(Hanoi)မြို့အနီးတွင် ဖြစ်ပေါ်နေသော ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) သည် အနောက်- အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားပြီး လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားလျော့သွားပြီးနောက် ယနေ့ညပိုင်းတွင် မြန်မာ နိုင်ငံအရှေ့ပိုင်းဒေသများသို့ လေပွေလှိုင်းအဖြစ် ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

 

 (ခ) အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ် (Land Derpression)၏ အရှိန်ကြောင့် ယနေ့ မွန်းလွဲမှ (၁၄.၈.၂၀၂၂)ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ 

 

အကြုံပြုချက်

 

၂။ သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့်  မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့်  ပြည်တွင်း ရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

 

Crd>>>မိုး/ဇလ