အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၆၂၉၉ ဦး ထပ်မံတွေ့ရှိ

ဩဂုတ် ၁၁

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၆၂၉၉ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၄၂၀၆၉၉၆ ဦးအထိ ရှိလာကြောင်း ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာနက ယနေ့မနက်ပိုင်းတွင် အချက်အလက်ထုတ်ပြန်ကြေညာခဲ့သည်။

 

ပြီးခဲ့သည့်နေ့က ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၆၀၄၇ ဦးနှင့် နှိုင်းယှဉ်ပါက  ကူးစက်မှုအရေအတွက် မြင့်တက်လာခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၁၂၅၀၇၆ ဦး ရှိသည်ဟု သိရသည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၅၃ ဦး ထပ်မံသေဆုံးခဲ့ပြီး  ထိုရောဂါစတင်ကူးစက်မှုဖြစ်ပွားချိန်မှစတင်ကာ ယနေ့အထိ သေဆုံးသူပေါင်း ၅၂၆၈၇၉ ဦး ရှိလာကြောင်း ထိုဝန်ကြီးဌာနက ပြောကြားသည်။

 

ထိုရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၃၅၅၅၀၄၁ ဦး ရှိသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို