နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏  (၁၈)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ အမေး၊ အဖြေများ

(ယမန်နေ့မှအဆက်)

ခေတ်ပုံရိပ်သတင်းဂျာနယ်မှ သတင်းထောက် ဦးဝင်းနိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံ့ဝန်ထမ်း၊ အမြဲတမ်းဝန်ထမ်းများကို အိမ်ထောင် သည်များဖြစ်ပါက   မူရင်းလစာ၏   ရှစ်ရာခိုင်နှုန်း၊ လူပျို၊ အပျိုများဖြစ်ပါက လေးရာခိုင်နှုန်းကို အိမ်ငှား စရိတ်အဖြစ် ထောက်ပံ့ပေးသွားမည့်ကိစ္စကို  အထူး အားရဝမ်းသာဖြစ်ကြရကြောင်း၊   သို့သော်   နိုင်ငံ့ ဝန်ထမ်းများမဟုတ်ဘဲ  ပုဂ္ဂလိကဝန်ထမ်းများဖြစ်ကြ သည့်   ကုမ္ပဏီဝန်ထမ်းများ၊   အထည်ချုပ်စက်ရုံ အလုပ်သမားများ၊ ပင်စင်စားများကို  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက  တစ်နည်းတစ်ဖုံထောက်ပံ့ ပေးရန် အစီအစဉ်ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုလတ်တလော တွင် နိုင်ငံ့ဝန်ထမ်း၊  အမြဲတမ်းဝန်ထမ်းများအတွက်   အိမ်ငှားစရိတ်ထောက်ပံ့ပေးခြင်းနှင့်    မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအတွက်    ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်စရိတ် ၁၀၀၀၀  ကျပ်စီ  ထောက်ပံ့ပေးခဲ့ ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအတွက် ထောက်ပံ့ပေးမှု များအဖြစ် ယခင်ကလည်း ဝတ်စုံစရိတ်များ ထောက်ပံ့ ပေးခြင်းနှင့်  ကျန်းမာရေးဝန်ကြီးဌာနမှ   ဆေးဘက် ဆိုင်ရာဝန်ထမ်းများနှင့်     ပညာရေးဝန်ထမ်းများ အတွက်   ပညာရှင်ဘွဲ့   ချီးမြှင့်ငွေများအပါအဝင် ထောက်ပံ့ပေးမှု ၂၇ မျိုးကို   မိမိတို့အစိုးရလက်ထက်တွင်   ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ စက်ရုံအလုပ်သမားများ နှင့်   ကုမ္ပဏီဝန်ထမ်းများမှာ    အလုပ်သမားဝန်ကြီး ဌာနနှင့်  ပို၍သက်ဆိုင်ကြောင်း၊ ယင်းကိစ္စတွင်လည်း အမြဲတမ်းချိန်ထိုးရခြင်းရှိကြောင်း၊   ထိုစက်ရုံအလုပ် သမားများအတွက်   အလုပ်ရှင်များနှင့်    သီးခြား ဆွေးနွေးပြီးမှသာ   လုပ်ဆောင်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အဆင့်မှာကဲ့သို့    ရှိသည့်ဘတ်ဂျက်ဖြင့် ပေးနိုင်သည့်ပမာဏကို      ချိန်ထိုး၍မရကြောင်း၊ အလုပ်သမားများက  ပိုပြီးတောင်းဆိုမည်ဖြစ်သကဲ့သို့ အလုပ်ရှင်ဘက်ကလည်း ၎င်း၏အခက်အခဲများရှိနိုင် ကြောင်း၊  ထိုအခြေအနေများကိုချိန်ဆ၍     နှစ်စဉ် ပြောင်းလဲရသည့်ကိစ္စများ  ရှိပါကြောင်း၊    နှစ်စဉ် ဆွေးနွေးရသည့်   ကိစ္စများလည်း   ရှိပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ပြီးမှသာ သတင်းထောက်ကြီးမေးမြန်းသည့်ကိစ္စများကို   ဆက်လက်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း။

နှစ်စဉ်ညှိနှိုင်း၍  ဆောင်ရွက်ရမည့်ကိစ္စများဖြစ်

နိုင်ငံတော်အနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက် ပြီး တိုင်းသူပြည်သားအားလုံး  အဆင်ပြေစေရန် အတွက်ကိုသာ လိုလားကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင် များနှင့် အလုပ်သမားများ၏ လုပ်ခလစာနှင့်ပတ်သက် လျှင်  နိုင်ငံတော်၏ရပ်တည်ချက်မှာ  လုပ်ခလစာ တိုးမြှင့်ရေးဘက်တွင်သာ ရပ်တည်ကြောင်း၊ သို့သော်  လုပ်ငန်းရှင်များအနေဖြင့်မှာမူ     ၎င်း၏စီးပွားရေး အတိုင်းအတာအပေါ်တွင်သာ   မူတည်၍  ပေးနိုင်  မည်ဖြစ်ကြောင်း၊ ထိုကိစ္စများမှာ  နှစ်စဉ်ညှိနှိုင်း၍  ဆောင်ရွက်ရမည့်ကိစ္စများဖြစ်ကြောင်း၊ ယခုသတင်း ထောက်ကြီးတင်ပြသည့်ကိစ္စမှာ    လစာတိုးမြှင့် ပေးခြင်းမဟုတ်ကြောင်း၊     ထောက်ပံ့ကြေးများ တိုးမြှင့်ပေးခြင်းဖြစ်ကြောင်း၊  လစာတိုးမြှင့်ပေးခြင်း ဖြစ်ပါက ပင်စင်စားများအတွက် တစ်ပါတည်းပါဝင်ပြီး ဖြစ်ကြောင်း၊    လစာတိုးမြှင့်ပေးခြင်းမဟုတ်သည့် အတွက် ပင်စင်စားများအတွက် ပါဝင်ခြင်းမရှိသေးဘူး ဟူ၍သာ ပြောနိုင်ကြောင်း၊ လစာတိုးမြှင့်ခြင်းဖြစ်ပါက  ခံစားခွင့်များ၊ Gratuity နှင့် ပင်စင်များ  တစ်ပါတည်း ပါဝင်လာမည်ဖြစ်ကြောင်း၊ ယခုကိစ္စမှာ လစာတိုးမြှင့် ခြင်းမဟုတ်ကြောင်း၊ ထောက်ပံ့ကြေးနှင့်  အိမ်ငှား စရိတ်သာတိုးမြှင့်ခြင်းဖြစ်ကြောင်း၊  လတ်တလော တွင်    လစာတိုးမြှင့်ရန်အစီအစဉ်မရှိသေးကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ Myanmar Public Press သတင်း ဌာနမှ အယ်ဒီတာချုပ် ဦးဇော်မင်းနိုင်က မဖွံ့ဖြိုးသေး သည့်   ကျေးလက်ဒေသများတွင်   လမ်းအခက်အခဲ ရှိကြောင်း၊ ကိုယ်ထူကိုယ်ထလမ်းများ ဖောက်နေခြင်း ရှိကြောင်း၊ ထိုလမ်းများကို  သက်ဆိုင်ရာဌာနများသို့ တင်ပြလျှင်   ဘတ်ဂျက်ချပေးခြင်း ရှိ၊ မရှိ   သိလိုပါ ကြောင်း မေးမြန်းသည်။

ခွင့်ပြုခြင်း၊ မပြုခြင်းသည်  ဦးစားပေးအစီအစဉ်အပေါ်မူတည်

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းလမ်းများသည် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၏  အစီအစဉ်များဖြစ် ကြောင်း၊  ယင်းကိစ္စများနှင့်ပတ်သက်ပြီး   လုပ်ထုံး  လုပ်နည်းများအဆင့်ဆင့်ရှိကြောင်း၊ ကျေးလက်ဖွံ့ဖြိုး ရေးဦးစီးဌာနအောက်တွင်  ရှိသည်များ၊    စည်ပင် သာယာရေးဌာနအောက်တွင်ရှိသည့်     ကျေးရွာ၊ ကျေးရွာမှ မြို့နယ်၊ မြို့နယ်မှ အဆင့်ဆင့်ဆောင်ရွက် ရခြင်းဖြစ်ကြောင်း၊ နှစ်စဉ်ဘတ်ဂျက်များ  ရှိပြီးဖြစ် ကြောင်း၊ ခွင့်ပြုခြင်း၊  မပြုခြင်းသည်  ဦးစားပေး အစီအစဉ်ဖြင့် အမှန်တကယ်အသုံးပြုနေသည့်အပေါ်  မူတည်သည်ဟုပြောလိုကြောင်း ပြန်လည်ဖြေကြား သည်။

Myanmar  Public  Press   သတင်းဌာနမှ အယ်ဒီတာကိုခန့်က ပခုက္ကူ-မြိုင်   ကားလမ်းသည်  မိုင်အားဖြင့် ၂၇ မိုင် ကွာဝေးသော်လည်း PDF များ  စိုးမိုးထားသည့် နယ်မြေဖြစ်နေကြောင်း၊ မြိုင်မြို့နယ် အတွင်းရှိကျေးရွာများမှ    အေးချမ်းစွာနေလိုသည့် ရဟန်းသံဃာများ၊ ပြည်သူလူထုများကို PDF များက  ဒလန်ဟုစွပ်စွဲပြီး ဖမ်းဆီးသတ်ဖြတ်နေကြကြောင်း၊ သက်ဆိုင်ရာအနေဖြင့် မြိုင်မြို့နယ်မှ အကြမ်းဖက် များကို    အမြစ်ဖြတ်ချေမှုန်းရန်   ပြည်သူများက လိုလားလျက်ရှိကြောင်း၊    မြိုင်မြို့နယ်အတွင်းရှိ အကြမ်းဖက်များရပ်တည်နိုင်ရန်  အဓိကထောက်ပံ့ နေသည့်အရာမှာ  ဒေသတွင်းရှိ  ရေနံမြေများဖြစ် ကြောင်း၊ အစိုးရအနေဖြင့် ထိုရေနံမြေများကိုပိတ်သိမ်း ပြီး အကြမ်းဖက်သမားများ၏ ပင်မရေသောက်မြစ်ကို သက်ဆိုင်ရာက အမြန်ထိန်းချုပ်ပေးစေလိုကြောင်း၊ မြိုင်မြို့နယ်မှ  ပြည်သူများကလည်း   လိုလားလျက် ရှိကြောင်း၊ သက်ဆိုင်ရာများအနေဖြင့်  လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးရန်  အစီအစဉ်များရှိပါက   သိရှိ လိုကြောင်းနှင့် ပညာရေးဝန်ကြီးဌာနမှ  အကြောင်း အမျိုးမျိုးကြောင့် ကျောင်းမအပ်နှံရသည့် ကလေး ငယ်များကို ကျောင်းအပ်ရန် တိုက်တွန်းထားကြောင်း၊ မုံရွာမြို့နယ်တွင်     ကျောင်းအပ်နှံ၍မရသေးဟု သတင်းကြားသိရကြောင်း၊      ယင်းကိစ္စကိုလည်း   သိရှိလိုကြောင်း မေးမြန်းသည်။ 

လက်ယက်တွင်းရေနံများ ထွက်သည့် အတွက်ကြောင့် အကြမ်းဖက်သမားများ အထောက်အပံ့ရနေ

ဗိုလ်ချုပ်ဇော်မင်းထွန်းက    ယင်းကိစ္စများကို သက်ဆိုင်ရာဝန်ကြီးဌာနများကိုလည်း     သတင်း ပြောကြားသွားမည်ဖြစ်ကြောင်း၊ မြိုင်မြို့နယ်အတွင်း တွင် မည်သည့်အတွက်ကြောင့် ဖြစ်ရသလဲဆိုသည်ကို   ယခင်သတင်းစာရှင်းလင်းပွဲတွင်        မိမိရှင်းပြခဲ့ပြီး  ဖြစ်ကြောင်း၊ ထိုနေရာများတွင်လည်း မြိုင်နှင့်အဓိက ဆက်စပ်နေသည့်  လက်ပံတို၊ ကျောက်ခွက်စသည့် နေရာများတွင် လက်ယက်တွင်းရေနံများ ထွက်သည့် အတွက်ကြောင့် အကြမ်းဖက်သမားများ အထောက် အပံ့ရနေသည်ကိုသိရကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး  လုံခြုံရေးအရဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက် လျက်ရှိသည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြား သည်။
နိုင်ငံ့သစ္စာအွန်လိုင်းသတင်းဌာနမှ  သတင်း ထောက် ဦးအောင်ကျော်ဦးက  ဧရာဝတီတိုင်းဒေသ ကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် ဒူးယားမြို့ ယခင် ဒူးယားတိုက်နယ်ကို ၁၉၉၁ ခုနှစ်ကစပြီး တိုက်နယ်မြို့ ပြောင်းရန်   စီမံကိန်းလုပ်ခဲ့ကြောင်း၊   ထိုစီမံကိန်း ထဲတွင် အိမ်ထောင်စုဝင် ၁၄၀ ၏ လယ်ယာမြေ ၇၂  ဒသမ ၅၅ ဧကနှင့် ခြံမြေ ၅၂ ဧက သိမ်းဆည်းခံခဲ့ ရကြောင်း၊  ယနေ့အထိ  နစ်နာကြေးမရခဲ့ကြောင်း၊  ထို့ကြောင့် ပြည်သူအိမ်ထောင်စု ၁၄၀ ကို သနားငဲ့ညှာ သောအားဖြင့်   မေတ္တာရှေ့ထားပြီး   မည်သို့ကူညီ ဆောင်ရွက်ပေးနိုင်မည်ကို   သိလိုကြောင်း၊   အခြား မေးခွန်းတစ်ခုမှာ      နိုင်ငံတော်ကပေးပြီးသားကို အောက်ခြေဝန်ထမ်းများထံတွင် ကြန့်ကြာနေခြင်း ရှိ၊  မရှိ၊  နိုင်ငံတော်အစိုးရက နစ်နာခဲ့သည့် ပြည်သူ များကိုပေးခြင်း   ရှိ၊ မရှိသိလိုပါကြောင်း   မေးမြန်း သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက    ယင်းကိစ္စများမှာ ပြန်စိစစ်ပြီးဖြေရမည့်    မေးခွန်းဖြစ်သည့်အတွက်  ထိုအမှုတွဲကိုသာ  ပေးခဲ့ပါဟု   ပြောလိုကြောင်း ပြောကြားသည်။ 

ဆက်လက်၍ နိုင်ငံ့သစ္စာသတင်းဌာနမှ သတင်း ထောက် ဦးအောင်ကျော်ဦးက အပြစ်မဲ့ပြည်သူများကို  နေ့စဉ်နှင့်အမျှ PDF များက  သတ်ဖြတ်နေခြင်းကို  အခြားမီဒီယာများကတင်ပြဖူးကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် PDF များကို အလင်းဝင်ရန် ဖိတ်ခေါ် ခြင်းကိုလည်း  ဝမ်းသာမိကြောင်း၊  ကိုယ့်ညီလေး၊ ညီမလေးများကို ဒုက္ခမရောက်စေချင်သည့်စေတနာ ဖြစ်ကြောင်း၊ တစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းက ယခင်ကထက်ပို၍   သတ်ဖြတ်နေကြောင်း၊ ဥပမာ  ကောလင်းမြို့နယ် သရက်ခုံကျေးရွာတွင် ကျောင်း ဆရာ မောင်နှမအသတ်ခံရကြောင်း၊ ကျောင်းဆရာမ  ဒေါ်ဥမ္မာဝင်းသည် နားရွက်နှစ်ဖက်၊ ရင်သားနှစ်ဖက် လှီးဖြတ်ခံရကြောင်း၊ ခြေထောက်များ ရိုက်ချိုးခံရ  ကြောင်း၊ နောက်ဆုံးရင်ဝကိုဓားနှင့်ထိုးပြီး  အသတ် ခံရကြောင်း၊ ရက်စက်မှုများက ကမ်းကုန်သွားပြီဟု ဆို၍ရကြောင်း၊ ယခုနောက်ပိုင်း ထိုထက်ပိုဆိုးလာ ခြင်းသည် အုပ်ချုပ်ရေးမှူးများ၊  ရာအိမ်မှူးများကို သတ်လျှင်    မည်သို့မျှမသက်ဆိုင်သည့်၊   အပြစ် မရှိသည့်သားမယားများကို  အကုန်သတ်သည့်စနစ် ဖြစ်လာကြောင်း၊ Mizzima၊ RFA ၊ ဧရာဝတီသတင်း ဌာန၊ ခေတ်သစ်သတင်းဌာန၊ DVD သတင်းဌာနများမှ  မည်သည့် PDF များက မည်သည့်အုပ်ကြီး၊ မည်သည့် ရာအိမ်မှူး၊ မည်သည့်ဒလန်ကိုသတ်သည်ဟု သတင်း လွှင့်လျှင်  မည်သို့မျှမဖြစ်သော်လည်း   မိမိတို့ကဲ့သို့ အမျိုးသားရေး  သတင်းထောက်များ၊  သတင်းမှန် တင်သည်နှင့်        ဒလန်စာရင်းတန်းဝင်သွားကြောင်း၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  သတင်းစာ ရှင်းလင်းပွဲတက်သည်နှင့်      ဘောမသူဖြစ်စေ၊  ဘောမမသူဖြစ်စေ ဘောမအဖြစ်  တန်း၍စာရင်းဝင် သွားကြောင်း၊ တပ်မတော် အာဏာထိန်းသည့်ကာလ မှ  ယနေ့အထိဆိုပါက  တစ်နှစ်နှင့်လေးလကျော်ခဲ့ ပြီဖြစ်ကြောင်း၊ ထိုကာလအတောအတွင်း PDF များက ဒလန်ဟုစွပ်စွဲပြီးသတ်ခဲ့သည့် လူပေါင်း ငါးထောင် ကျော်သွားပြီဟုဆို၍ရကြောင်း၊ လက်ရှိတွင်လည်း  သတ်နေဆဲဖြစ်ကြောင်း၊   နောင်လည်းသတ်နေဦး မည်ဟုယူဆရကြောင်း၊    ဗိုလ်ချုပ်တို့အနေဖြင့် လက်နက်ကိုင်သတ်နေသည့် PDF များက အရပ်ဘက် ဝန်ထမ်းများ၊    မတူကွဲပြားသည့်   ပါတီဝင်များ၊ အမျိုးသားရေးလှုပ်ရှားသူများ၊ အမျိုးသားနိုင်ငံရေး ပြည်တွင်း သတင်းထောက်များ၊ အပြစ်မဲ့ပြည်သူများ၊ ရဟန်းသံဃာတော်များကို ယခုထက်ပိုပြီး  အသတ် မခံရစေရန် မည်ကဲ့သို့  အပြည့်အဝကာကွယ်ပေး နိုင်မည်ဆိုသည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ပြည်သူ့စစ်များဖွဲ့စည်းဆောင်ရွက်

ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုကဲ့သို့သတ်ဖြတ်ရန်  လှုံ့ဆော်သူများရှိနေကြောင်း၊   ဘုန်းကြီးများကို သတ်၍မရလျှင်    ဘုန်းကြီးကျောင်းကိုသွားသည့် လူများကို သတ်ဟုဆိုသည့် ပြောဆိုချက်များကိုလည်း တွေ့ရကြောင်း၊     နိုင်ငံတော်ကာကွယ်ရေးနှင့် ပတ်သက်ပြီး လုံခြုံရေးအဖွဲ့အစည်းများနှင့်  ပြည်သူ့ စစ်များဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုအဖွဲ့ များနှင့်ဆက်သွယ်ရန် မိမိပြောလိုကြောင်း၊ အားလုံး ပါဝင်မှ၊ ကိုယ်တိုင်လည်းပါဝင်မှရမည်ဟု  ပြောလို ကြောင်း၊ မိမိတို့အနေဖြင့် လိုအပ်သည့် ထောက်ပံ့မှု များကို အချိန်အတိုင်းအတာအရ ဆောင်ရွက်ပေးသွား မည်ဟု ပြန်လည်ဖြေကြားသည်။          

သတင်းစဉ်