ညောင်ဦးခရိုင်တွင် လူဦးရေ ၅၅၇၇၀၀ အား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ပြီဖြစ်

ညောင်ဦး  ဇူလိုင်  ၁၁

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးပေးနိုင်မှုအနေဖြင့် ဇူလိုင် ၁၁ ရက် နံနက်ပိုင်းအချိန်ထိ ပြည်သူ  ၅၅၇၇၀၀ ဦးကို ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံက သိရ သည်။

 

ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးနိုင်ရန် ကျောက်ပန်းတောင်းမြို့နယ်၊ ညောင်ဦးမြို့နယ်တို့တွင် သတ်မှတ်စုရပ်နေရာ  အသီးသီး၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ကာကွယ်ဆေးထိုးပြီးသူ ဦးရေ ၂၆၇၃၀၀ နှင့် ကျောက်ပန်းတောင်းမြို့နယ်တွင် ကာကွယ်ဆေးထိုးပြီးသူ ဦးရေ ၂၉၀၄၀၀ ရှိပြီဖြစ်ကာ ညောင်ဦးခရိုင်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ၅၅၇၇၀၀ ရှိပြီဖြစ်ကြောင်း သိရသည်။

 

ဝေးလံသည့် ဒေသများနှင့် လာရောက် ဆေးထိုးရန်မလွယ်ကူသည့် နေရာဒေသများသို့လည်း နယ်လှည့်ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် သွားရောက်ထိုးနှံ ပေးလျက်ရှိကြောင်း ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးတိုးလွင်ထံက သိရသည်။

                                                                                                           

ကိုကြေးမုံ