မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မြို့သစ်မြို့နယ် နွေစပါးစံကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေး

မြို့သစ် ဇူလိုင် ၄

 

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့သစ်မြို့နယ် လယ်ပြင်ကွင်းအမှတ်(၈၅)၊ မြေကွက်အမှတ်(၁၈၄) တောင်သူဦးမြင့်ဆွေ၏ နွေစပါးရတနာတိုး စိုက်ခင်းစံကွက်ရိတ်သိမ်းနေမှုအား ဇူလိုင် ၃ ရက်က သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

 

မြို့သစ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများမှ စိုက်ပျိုးထားရှိမှုအခြေအနေများ၊ ကောက်ကွက်၊ ပင်ပွား၊ တစ်နှံပါအောင်စေ့များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မျှော်မှန်းအထွက်နှုန်း ၁၂ဝ တင်း ထွက်ရှိရန် မျှော်မှန်းကြောင်းနှင့် မြို့သစ်မြို့နယ်၏ ၂၀၂၁-၂၀၂၂ ခုနှစ် ကျေးရွာအုပ်စုအလိုက် နွေစပါးစိုက်ပျိုးထားရှိမှု အခြေအနေများကို မြေပုံကားချပ်များဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ သီးနှံစိုက်ပျိုးထွက်ရှိခဲ့မှု အခြေအနေများအား မေးမြန်းရာ တောင်သူ ဦးမြင့်ဆွေက နွေစပါး တစ်ဧက တင်း ၁၂၀ ထွက်ရှိရန် မျှော်မှန်းထားကြောင်း၊ ခုလက်ရှိတွင် တစ်ဧကအစိုထွက် ၁၁၈ တင်း ထွက်ရှိခဲ့ကြောင်း ရှင်းလင်းတင်ပြသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများအား စိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်၍ အခက်အခဲနှင့် လိုအပ်ချက်များရှိ/မရှိ မေးမြန်းဆွေးနွေးကာ ဒေသခံတောင်သူများ၏ လိုအပ်ချက်တင်ပြခဲ့ခြင်းအပေါ် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဖြည့်ဆည်းဆောင်ရွက် ပေးသွာမှာဖြစ်ကြောင်း၊ တက်ရောက်လာသည့် တောင်သူများအနေဖြင့် တစ်နှစ်လျှင် သုံးသီးဝင်အောင် စိုက်ပျိုးထုတ်လုပ်၍ တောင်သူများ၏ ဝင်ငွေနှင့် လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏ စားနပ်ရိက္ခာဖူလုံရေးကို တစ်ဖက်တစ်လမ်းမှအ ထောက်အကူပြုနိုင်ကြောင်း၊ မြို့သစ်မြို့နယ်ရှိ တောင်သူကြီးများအနေဖြင့် ဆည်ရေကို အကျိုးရှိစွာ အသုံးချ၍ သီးနှံအောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး လမ်းညွှန်မှာကြားကာ စိုက်ပျိုးသီးနှံအထွက်နှုန်း တိုးတက်မြင့်မားရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သန်းဝင်းထွန်း(ပြန်ဆက်)