တောင်ကိုရီးယားနိုင်ငံ၌  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၉၅၂၈ ဦး ထပ်မံတွေ့ရှိ

ဇူလိုင် ၁

 

တောင်ကိုရီးယားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၉၅၂၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၁၈၃၆၈၈၅၇ ဦး အထိမြင့်တက်လာကြောင်း ကျန်းမာရေးအာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။

 

ယခုကူးစက်မှုဦးရေသည် ယခင်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၉၅၉၅ ဦးရှိရာမှ အနည်းငယ် လျော့ကျလာခြင်းဖြစ်သော်လည်း သီတင်းပတ်အစောပိုင်းက ကိုဗစ်ရောဂါ ကူးစက်ခံရသူ ၇၂၂၁ ဦးထက် ပိုမိုများပြားခဲ့သည်ဟု ကိုရီးယားရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအေဂျင်စီ ( ကေဒီစီအေ )၏ ပြောကြားချက်အရ သိရသည်။

 

ပြီးခဲ့သည့်သီတင်းပတ်က ကိုဗစ်ရောဂါ နေ့စဉ်ပျမ်းမျှကူးစက်မှုဦးရေ ၇၉၉၀ ရှိသည်။ ကိုဗစ်ရောဂါထပ်မံ ကူးစက်ခံရသူများအနက် ၁၄၆ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး လက်ရှိအချိန်အထိ ပြည်ပကူးစက်မှုပေါင်း ၃၅၂၈၇ ဦး ရှိလာသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ရှစ်ဦး ထပ်မံသေဆုံးကြောင်း အတည်ပြုခဲ့ပြီး ယခုအချိန်အထိ ထိုရောဂါကြောင့် သေဆုံးသူပေါင်း ၂၄၅၅၅ ဦး ရှိလာသည်။ 

 

နိုင်ငံအတွင်း ကိုဗစ်ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးမှုနှုန်းသည် ကိုဗစ်ရောဂါကူးစက်ခံရသူအားလုံး၏ ၀ ဒသမ ၁၃ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို