ပြည်ထောင်စုဝန်ကြီး  ဦးကိုကို ၂၀၂၂ ခုနှစ်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်

နေပြည်တော် ဇွန် ၃၀

၂၀၂၂ ခုနှစ်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅)၊ ရုံးအဆောက်အအုံ၏ အရှေ့ဘက် သရက်ခြံအနီး၌ ယနေ့ နံနက် ၇ နာရီခွဲတွင် ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများက သတ်မှတ်နေရာအသီးသီးတွင် ကျွန်းပင်များကို စိုက်ပျိုးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဝန်ထမ်းများ၏ သစ်ပင်စိုက်ပျိုးနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ကျွန်းပင် ၃၀၀ စိုက်ပျိုးခဲ့ပြီး ယခင်နှစ်များက စိုက်ပျိုးခဲ့သည့် ကျွန်းပင် ၁၈၀၀၊ ရတနာတန်းဝင် အရိပ်ရလေကာပင်များနှင့် စိန်တစ်လုံးသရက်ပင် ၂၄၅၀ တို့သည်လည်း ရှင်သန်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်