တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံအတွက် လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၂)သန်း doses အား အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ထံသို့ ပေးအပ်လှူဒါန်း

ရန်ကုန် ဇွန် ၃၀

တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး(၂)သန်း doses အား အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ထံ ပေးအပ်လှူဒါန်းသော အခမ်းအနားကို ယနေ့ နံနံက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနေအိမ်တွင် ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၂) သန်း doses ပေးအပ်လှူဒါန်းမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် အာဆီယံအဖွဲ့၏ ဒုတိယအတွင်းရေးမှူးချုပ် H.E. Mr. Ekkaphab Phanthavong က အာဆီယံနိုင်ငံများအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် လက်ရှိအခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E. Mr. PRAK Sokhonn က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပေးအပ်လှူဒါန်းမှုအပေါ် ကျေးဇူးတင်စကား ပြောကြားသည်။

ပြီးနောက် အာဆီယံအဖွဲ့၏ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. Ekkaphab Phanthavong နှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင် ရာအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E. Mr. PRAK Sokhonn ထံသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၂) သန်းအား doses ပေးအပ်လှူဒါန်းသည်။ 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပေးအပ်လှူဒါန်းပွဲသို့ အာဆီယံအဖွဲ့၏ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် H.E. Mr. Ekkaphab Phanthavong၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏  မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး M.E. Mr. PRAK Sokhonn ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ကျန်မာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးချန်းဟိုင်နှင့် သံရုံးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ် H.E. Mr. CHHOUK Bunna၊  မြန်မာနိုင်ငံဆိုင်ရာ အာဆီယံနိုင်ငံသံရုံးများမှ သံအမတ်များနှင့် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပနိုင်ငံများမှ သံအမတ်နှင့် ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့ အခြေစိုက် ကုလသမဂ္ဂအထူးပြုအေဂျင်စီ MRCS၊ WFP၊ WHO နှင့် UNDP မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

သတင်းစဉ်