နမ္မတူ၌ တောင်ပို့မှိုများ ဈေးကောင်းရရှိသဖြင့် တောင်သူများ အပိုဝင်ငွေရရှိ

နမ္မတူ       ဇွန်        ၂၈

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ရာသီပေါ် အစားအစာ တောင်ပို့မှိုများ ဈေးကောင်းရရှိသဖြင့် မှိုရှာဖွေရောင်းချသည့် တောင်သူများ အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ တောင်ပို့မှိုများသည် နှစ်စဉ် မိုးရာသီကာလအတွင်း တောင်ယာခြံများနှင့် တောတွင်းရှိ တောင်ပို့များအနီးတွင် ပေါက်ရောက်လျက်ရှိကြောင်း၊ မှိုရှာဖွေသည့် တောင်သူများအနေဖြင့် မှိုတစ်ကျင်းလျှင် အနည်းဆုံး ၅၀ ကျပ်သားမှ အများဆုံး ငါးပိဿာခန့်အထိ တူးယူရရှိကြောင်း၊ ယခုနှစ်တွင် တောင်ပို့မှို တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀၀ ကျပ်ခန့် ရောင်းချရသဖြင့် မှိုရှာဖွေရောင်းချသည့် တောင်သူများ အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း မှိုရှာဖွေသည့် တောင်သူတစ်ဦထံမှ သိရသည်။

 

လူမော်(ပြန်/ဆက်)