ဗန်းမော်တက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲ ကျင်းပ

ဗန်းမော်       ဇွန်      ၂၅

 

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်တက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲကို ဇွန် ၂၄ ရက် မွန်းလွဲပိုင်းက ဗန်းမော်တက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။

 

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဗန်းမော်တက္ကသိုလ်မှ ဘာသာရပ်ပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်း ပြိုင်ပွဲဝင် အသင်း ခုနစ်သင်းဖြင့် ကျင်းပခဲ့ပြီး ပထမဆုကို ဗန်းမော်တက္ကသိုလ်မှ ဘူမိဗေဒအထူးပြု ဘာသာရပ်အသင်းက လည်းကောင်း၊ ဒုတိယဆုကို သမိုင်းအထူးပြု ဘာသာရပ်အသင်းက လည်းကောင်း၊ တတိယဆုကို ပထဝီဝင်အထူးပြု ဘာသာရပ်အသင်းက လည်းကောင်း ဆုများ အသီးသီးရရှိကြပြီး ဗန်းမော်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ကျော်သင်နှင့် ပါမောက္ခ/ ဌာနမှူး များက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကိန်းဖြူ(ပြန်/ဆက်)