မြို့သစ် ဇွန် ၁၁
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ ဇွန် ၁၀ ရက် မွန်းတည့် ၁၂ နာရီက မြို့သစ်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့သစ်မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
ဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က စားနပ်ရိက္ခာဖူလုံရေးသာမက လယ်ယာထုတ်ကုန်များဖြင့် လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် လယ်ယာစိုက်ပျိုးမြေများ လျော့ပါးမှုမရှိစေရေး မူဝါဒများ တိတိကျကျ ချမှတ်ဆောင်ရွက်ရန်လိုကြောင်း၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် စီမံခန့်ခွဲမှုကိစ္စရပ်များ ဆောင်ရွက်ရာတွင် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ဌာနဆိုင်ရာအကြီးအကဲများက လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ ပြန်လည်တင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)


