အိမ်မဲ ဇွန် ၁၀

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ် အတွင်း အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းကို ယနေ့ နံနက် (၁၀) နာရီတွင် အဆိုပါရုံးတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ယင်းလုပ်ငန်းများကို အိမ်မဲမြို့နယ်လူမှုဝန်ထမ်းဦးဌာန ဦးစီးမှူး ဒေါ်ဝေဝေထွန်းမှ အိမ်မဲမြို့ နယ်အတွင်းရပ်ကွက်၊ ကျေးရွာအုပ်စု (၉၇)အုပ်စုမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၈၆၉)ဦးအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပါတ်(ဧပြီ၊မေ၊ဇွန်)လအတွက် တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ်  ၂၆၀၇၀၀၀၀ ကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာစာရေးများ မှတစ်ဆင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)