စပိန်နိုင်ငံ၌ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ ၈၄ ဦး ရှိလာ

မေ ၂၇

 

စပိန်နိုင်ငံတွင် ယမန်နေ့ကအထိ မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၈၄ ဦးအထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြု သတင်းထုတ်ပြန်ထားသည်။

 

အဆိုပါရောဂါ ကူးစက်ခံရသူအားလုံးသည် အပျော့စားလက္ခဏာများကိုသာ ခံစားရကြောင်းနှင့် လတ်တလောတွင် ၎င်းတို့၏နေအိမ်များတွင်သာ လုပ်ထုံးလုပ်နည်းများနှင့်အညီ သီးသန့်ခွဲနေထိုင်ကြသည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။

 

မက်ဒရစ်ဒေသတွင် ထိုရောဂါကူးစက်မှုအများဆုံးဖြစ်ပွားခဲ့သော်လည်း ကာနရီကျွန်း၊ ဘတ်ကီဒေသနှင့် အန်ဒါလူဆာတို့တွင်လည်း ရောဂါကူးစက်မှုများဖြစ်ပွားခဲ့ကြောင်း အတည်ပြုထားသည်။

 

ကျန်းမာရေးဝန်ကြီး ကာရိုလိုင်းနားဒါရိစ်က  ဥရောပသမဂ္ဂပူးတွဲဝယ်ယူမှုတစ်စိတ်တစ်ဒေသအနေဖြင့် ဗိုင်းရပ်စ်တိုက်ဖျက်ရေးကုသမှုများနှင့် မျောက်ကျောက်ရောဂါကာကွယ်ဆေးများကို စပိန်နိုင်ငံက ဝယ်ယူသွားမည်ဟု မေ ၂၅ ရက်က ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို