ကျောက်တံခါးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ ဒုတိယနေ့ လက်ခံဆောင်ရွက်

ကျောက်တံခါး   မေ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေ အရွယ် ကလေးတိုင်း ပညာသင်ယူနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး လုပ်ငန်းများကို ဒုတိယနေ့အဖြစ် ယနေ့ နံနက် ၉ နာရီမှစတင်၍  လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ လက်ခံဆောင်ရွက်လျက်ရှိရာတွင် အခကြေးငွေ တစ်စုံတစ်ရာကောက်ခံခြင်းမရှိကြောင်းနှင့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံစသည်တို့ကို ကျောင်းစတင်အပ်သည့် အချိန်တွင် တစ်ပါတည်း အခမဲ့ဖြန့်ဝေပေးလျှက်ကြောင်း၊ ကျောက်တံခါးမြို့နယ်တွင် အထက်တန်း အဆင့်(၂၂)ကျောင်း၊ အလယ်တန်း အဆင့်(၁၈၃)ကျောင်း၊  မူလတန်းအဆင့်(၂၄)ကျောင်း စုစုပေါင်း (၂၂၉) ကျောင်းရှိကြောင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို မေ(၂၆) ရက်မှ ဇွန်(၁) ရက်နေ့ထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)