ဘရာဇီးနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၁၃၂ ဦး သေဆုံး

မေ ၂၆

 

ဘရာဇီးနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၁၃၂ ဦး သေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၆၆၆၀၃၇ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကပြောကြားသည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၉၇၈၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါကူးစက်ခံရသူပေါင်း ၃၀၈၄၆၆၀၂ ဦး ရှိလာသည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။

 

ဘရာဇီးနိုင်ငံသည် ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးမှုတွင် ကမ္ဘာ့နိုင်ငံများအနက် အမေရိကန်နိုင်ငံပြီးလျှင် သေဆုံးမှု ဒုတိယအများဆုံးနိုင်ငံဖြစ်သည်။

 

ကိုဗစ်ရောဂါကူးစက်မှုတွင် ကမ္ဘာ့နိုင်ငံများအနက် အမေရိကန်နှင့်အိန္ဒိယနိုင်ငံတို့ပြီးလျှင် ကူးစက်မှုအရေအတွက် တတိယအများဆုံးနိုင်ငံ ဖြစ်သည်။

 

ဘရာဇီးနိုင်ငံ၌ လတ်တလောအခြေအနေတွင် ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးမှုတွင် လူဦးရေ တစ်သိန်းလျှင် ၃၁၇ ဦးနှုန်းရှိနေပြီး ကိုဗစ်ရောဂါကူးစက်မှုတွင် လူဦးရေ တစ်သိန်းလျှင် ၁၄၆၇၉ ဦးနှုန်း ရှိနေသည်ဟုသိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို