အမေရိကန်နိုင်ငံ၌အသက် ငါးနှစ်မှ ၁၁ နှစ်အရွယ်ကလေးများအား ဖိုက်ဇာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုဆောင်း ထိုးနှံကြရန် အမေရိကန်စီဒီစီ အကြံပြု

မေ ၂၀

 

အမေရိကန်နိုင်ငံတွင် အသက် ငါးနှစ်မှ ၁၁ နှစ်ကြား အရွယ်ကလေးများအား ဖိုက်ဇာ-ဘိုင်အိုန်တက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပိုဆောင်းထိုးနှံကြရန် အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ( အမေရိကန်စီဒီစီ )က ယမန်နေ့က အကြံပြုခဲ့သည်။

 

အမေရိကန်စီဒီစီက ယင်းအသက်အရွယ်အုပ်စုအနေဖြင့် ဖိုက်ဇာ-ဘိုင်အိုန်တက် ကိုဗစ်ရောဂါကာကွယ်ဆေး ကနဦးထိုးနှံပြီးငါးလကြာပါက ကိုဗစ်ကာကွယ်ဆေး အပိုဆောင်းထိုးနှံမှုခံယူကြရန် အကြံပြုထားသည်။

 

အဆိုပါအသက်အရွယ်အုပ်စုသည် အခြားအသက်အရွယ်အုပ်စုများထက် ထိုကာကွယ်ဆေးအပိုဆောင်းထိုးနှံမှု နောက်ကျနေသော်လည်း ကာကွယ်ဆေးထိုးနှံပြီးပါက ဖျားနာမှုပြင်းထန်စွာခံစားရမည်မဟုတ်ကြောင်း စီဒီစီညွှန်ကြားရေးမှူး ရိုချယ်လီဝါလန်စကီက ပြောကြားသည်။

 

အသက် ၁၂ နှစ်နှင့်အထက်ရှိသူများ၊ ရောဂါအခံရှိသူများ၊ အသက် ၅၀ နှင့်အထက် ရှိသူများသည် ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးအနည်းဆုံးလေးလအကြာတွင် ဒုတိယအကြိမ်ထိုးနှံကြရန်ကိုလည်း စီဒီစီက အကြုံပြုခဲ့သည်။

 

အမေရိကန်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့က အသက်ငါးနှစ်မှ ၁၁ ကြားအရွယ်ကလေးများအား ဖိုက်ဇာ-ဘိုင်အွန်န်တက် ကိုဗစ်ကာကွယ်ဆေး အပိုဆောင်းထိုးနှံမှုကို မေလ ၁၇ ရက်က အရေးပေါ်အသုံးပြုရန်ခွင့်ပြုပြီးနောက် ထိုအကြံပြုချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို